အိန္ဒိယ ပြည်ဝင်ခွင့် ဗီဇာစနစ် ပြောင်းလဲ

အိန္ဒိယနိုင်ငံ အစိုးရက ပြည်ဝင်ခွင့် ဗီဇာ စနစ်ကို ပြောင်းလဲလိုက်ပြီး နိုင်ငံပေါင်း ၁၈၀ က လူတွေအနေနဲ့ အိန္ဒိယ ကောင်စစ်ဝန်ရုံးတွေမှာ ဗီဇာအတွက် တန်းစီစရာမလိုတော့အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

ခုလောလောဆယ်အချိန်အထိ နိုင်ငံခြားသားတွေ အနေနဲ့ အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာရဖို့အတွက် သတင်းပတ်နဲ့ချီ စောင့်ဆိုင်းနေရပါတယ်။ 

ဒါပေမယ့် စနစ်သစ်အရ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ အိန္ဒိယသံရုံးကို သွားစရာမလိုတော့ပဲ အင်တာနက်ကနေတဆင့် လျောက်လွှာတင်ပြီး ငါးရက်အတွင်း ဗီဇာရရှိမှာဖြစ်သလို အဲဒီဗီဇာကိုလည်း အိန္ဒိယနိုင်ငံ လေဆိပ်ကို ရောက်တဲ့အခါမှသာ ထုတ်ယူနိုင်ဖို့ လုပ်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။

 ပြည်ဝင်ခွင့် ဗီဇာပေးတဲ့ စနစ်ကို လွယ်ကူမြန်ဆန်အောင် လုပ်ဆောင်လိုက်တဲ့အတွက် အိန္ဒိယနိုင်ငံကို လည်ပတ်မယ့် ကမ္ဘာလှည့်ခရီးသည်တွေ ပိုများလာပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်လာဖို့ မျော် လင့်ကြောင်း အိန္ဒိယ အစိုးရက ပြောလိုက်ပါတယ်။__သြစတေလျားရေဒီယို

0 မှတ်ချက်များ for "အိန္ဒိယ ပြည်ဝင်ခွင့် ဗီဇာစနစ် ပြောင်းလဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++