အစိုးရတပ်ရဲ့ စစ်ကြောင်းမှူး အပါအ၀င် ၁၀ ဦး ထက်မနည်း တိုက်ပွဲတွင်ကျဆုံး

မြန်မာအစိုးရ အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်လန်မြို့ အခြေစိုက် ခမရ ၅၀၅ တပ်က ဒေသခံ တအာင်း ပလောင် အမျိုးသားတပ်မတော် (PSLF/ TNLA) တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး အစိုးရ တပ်ဖက်က စစ်ကြောင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သန့်ဇင်ထွန်း အပါအဝင် ၁၀ယောက် ထက်မနည်း ကျဆုံးခဲ့သည်ဟု သိရသည်။
 
ခမရ ၅၀၅ စစ်ကြောင်းက နမ့်ဆန်မြို့နယ် ရူမန်းကျေးရွာဖက်မှ ချောင်းငယ်တခုဖြတ်ပြီး မန်တုံမြို့နယ် ထဲတ်ကျဲတ်-ရူဝိုင်း တောင်ပေါ်သို့ ထိုးစစ်ဆင် တက်လာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ညနေ(၄) နာရီခွဲ ထိဖြစ်ခဲ့ကြောင်း အစိုးရဘက်က စစ်ကြောင်းမှူး အပါဝင် (၁၀)ယောက် ထက်မနည်း ကျဆုံးခဲ့ကြောင်း၊  ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။ 
 

နမ့်ဆန်မြို့နယ်ဘက်မှာလည်း ခမရ (၁၇၊ ၅၀၆) နှင့် ခလရ (၁၁၅) ပူးပေါင်း စစ်ကြောင်းတို့က ဒေသခံ TNLA တပ်ရင်း ၂၅၆  တပ်ဖွဲ့နှင့် မိန်းကျေးရွာ နှင့် ပန်ဆွေကျေးရွာ အကြားမှာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဖွဲ့ဝင် (၃)ယောက် ကျဆုံးခဲ့ကြောင်းလည်း သိရသည်။ 

ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လည်း TNLA တပ်ရင်း ၇၁၇ နှင့် ခလရ ၂၂၃ တို့ မိုးကုတ်မြို့အနီးတွင် တိုက်ပွဲ ဖြစ်ပွားရာ အစိုးရ တပ်ဖက်မှ တပ်ကြပ်ကြီး တဦး ကျဆုံးပြီး MA 1 တလက်နှင့် ကျည်များ သိမ်းဆည်း ရမိခဲ့ပါသည်။

ဒေသခံ TNLA ကို ခမရ ၁၇၊ ၅၀၆ ၊ ခလရ ၁၁၅၊ တပ်မ ၉၉ တပ်ရင်းများတို့က ဆက်တိုက် ထိုးစစ်ဆင်နေသလို စစ်ကူအတွက် စစ်တပ်ယာဉ်တန်း ၁၀ စီးခန့်က လားရှိုးမြို့ ဘက်ကနေ ထွက်လာနေကြောင်း အမည်မဖေါ်လိုတဲ့ လာရှိုးမြို့ခံတဦးက ပြောသည်။  
  
ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရကိုယ်စားလှယ်နှင့် PSLF/TNLA ကိုယ်စားတို့ ပြီးခဲ့တဲ့
အောက်တိုဘာလေ
ဆွးနွေးပွဲမှာ
နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ထိုးစစ်ဆင်လာမှု ရပ်တန့်ပေးရန် တောင်းဆိုမှုအပေါ် သဘောတူညီချက် တစုံတရာမျှ မရရှိဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း ဆက်လက် သုံးသပ်သည်။

0 မှတ်ချက်များ for "အစိုးရတပ်ရဲ့ စစ်ကြောင်းမှူး အပါအ၀င် ၁၀ ဦး ထက်မနည်း တိုက်ပွဲတွင်ကျဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++