ဘီဘာအိုအသင်းနင့် ရီးရဲယ်အသင်းတို့  ၁-၁ ဂိုး ဖြင့် သရေကျခဲ့သည့်ပွဲစဉ်မှာ ကြမ်တမ်း မိုက်ရိုင်းမှုအတွက် ရိုယ်နယ်လ်ဒိုကို အနီကဒ်ပြ ထုတ်ပယ်ခံရ

ယမန်နေ့ ညက ကစားသွားခဲ့သည့် ဘီဘာအို အသင်းနင့် ရီးရဲယ်အသင်းတို့  ၁-၁ ဂိုး ဖြင့် သရေ ကျခဲ့သည့်ပွဲစဉ်မှာ ကြမ်တမ်း မိုက်ရိုင်းမှုအတွက် ရိုယ်နယ်လ်ဒိုကို အနီကဒ်ပြ ထုတ်ပယ်ခံရပြီး ၃ ပွဲခန့် မပါဝင်ဖို့ ပစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရသည့် စီရိုနယ်ဒိုလ်၏ အနီကဒ်နှင့် ပတ်သတ်ပြီး ရီးရဲယ်အသင်းနည်းပြ အန်ဆယ်လော့တီ အနေဖြင့် ဒေါသထွက်လျက်ရှိပြီး ဒိုင်လူကြီး၏ အလျင်စလို ဆုံးဖြတ်ချက်က ပြင်းထန် လွန်းကြောင်းပြောကြားသွားခဲ့ကြောင်း သိရသည်။

သို့ သော်လည်း အန်ဆယ်လော့တီက အသင်း၏ အားရစရာ မရှိသည့်အသင်း၏ စွမ်းဆောင်ရည်နဲ့  ပတ်သတ်ပြီး ဝေဖန် ပြောကြားသွားခဲ့သလို အသင်း၏ အသင်းဖော်များ ဖြစ်သည့် မာဆယ်လို နင့် ဇာဗီအလွန်ဆို တို့ က မူ ရိုနယ်လ်ဒို၏ အပြုအမူ အား ဝေဖန် ပြောကြားသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် ဒုတိယပိုင်း ၇၅ မိနစ် အထိ ၁-၁ ဖြင့် သရေ ကျနေသည့် အချိန်တွင် ဂိုးသွင်းရန် ကြိုးစား သည့် ရိုနယ်လ်ဒိုနှင့် ဘီဘာအို ကစားသမားဂါပီဂိုင်တို့  ပြဿနာ တက်ခဲ့ခြင်း ဖြစ်ပြီး ဂါပီဂိုင်၏ မျက်နာအား လက်ဖြင့် ထိုးခဲ့သည်မှ စပြီး ရှုပ်ထွေးသွားမှု ကြောင့် ကွင်းလယ်ဒိုင်၏ တိုက်ရိုက် အနီကဒ် ပြထုတ်ပယ်ခံခဲ့ ရခြင်း ဖြစ်သည်။

အဆိုပါ အဖြစ်ပျက်များ နင့်ပတ်သတ်ပြီး ရီးရဲယ်နည်းပြ အန်ဆယ်လို့ တီမှ ... " ကျနော်အနေနင့် ပြောနိုင် တာ တစ်ခုက သေချာပါတယ် .. ဘာလို့ လဲ ဆိုတော့ အဲဒီ အဖြစ်ပျက်က ကျနော်နဲ့  မနီးစပ်ခဲ့ပါဘူး။ ဒါပေမယ့် ကြည့်ရတာကတော့ တိုက်ရိုက်အနီကဒ်က ပြင်းထန်လွန်းပါတယ်။ "

" ၁၀ ယောက်တည်း ကစားရတဲ့ အခြေအနေက ခက်ခဲလွန်းလှပါတယ်။ အထူးသဖြင့် ပွဲပန်း နေတဲ့ ကစား သမား တွေနဲ့  ကစားနေရတဲ့အခါမှပေါ့ ။ နောက်ပိုင်း လူစားလဲမှု တွေအများပြား ကျနော် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက အနိုင်ရလဒ်ရရှိဖို့ အတွက်တော့ မဟုတ်ပါဘူး။ ပင်ပန်းလွမ်းနေတဲ့ ကစား သမားတွေကို အနည်းငယ်လောက် ကူညီနိုင်အောင်ဆို ပြီး လဲပေးခဲတာပါ။ ပွဲစဉ်ကတော့ ပွဲကောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်း မှာပေါ့။ ကျနော်တို့ နေရာစုံမျှတ အောင်ကစားနိုင်ခဲ့တယ် ။ ဒါပေမယ့် အိုင်ဗိုင်ရဲ့ ဂိုးကတော့ ကြီးကျယ်လွန်းပါတယ်။ ကျနော်တို့ ဘာအမှားမှ မလုပ်မိခဲ့ပါဘူး။ အဲဒီ ဂိုးက တကယ် ကြီးကျယ်လွန်းတဲ့ ဂိုး တစ်ဂိုးပါ " ဟု ပြောကြား သွားခဲ့သည် ။


ရိုယ်နယ်လ်ဒိုရဲ့ အနီကဒ် ပြစ်ဒါဏ်နှင့်ပတ်သတ်ပြီး အသင်းဖော် ဇာဗီအလွန်ဆိုကတော့ ရိုနယ်လ်ဒို အနေနှင့် မှားယွင်းတဲ့ အပြုမူတစ်ခုကို လုပ်ခဲ့မိ ကြောင်း ပြောကြားသွားခဲ့သလို နောက်ခံလူ မာဆယ်လို ကလည်း ရိုယ်နယ်လ်ဒို အနေဖြင့် ယခုထက် ပိုပြီး စိတ်ကို ထိန်းချုပ် ခဲ့သင့်ကြောင်း ပြောကြားသွားခဲ့သည်။

0 မှတ်ချက်များ for "ဘီဘာအိုအသင်းနင့် ရီးရဲယ်အသင်းတို့  ၁-၁ ဂိုး ဖြင့် သရေကျခဲ့သည့်ပွဲစဉ်မှာ ကြမ်တမ်း မိုက်ရိုင်းမှုအတွက် ရိုယ်နယ်လ်ဒိုကို အနီကဒ်ပြ ထုတ်ပယ်ခံရ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++