နိုင်ငံရေးပြဿနာကို တကယ်ဖြေရှင်းမှ သာ UWSA ဆွေးနွေး ပွဲတက်မည်
တိုင်းရင်းသားတွေရဲ့
နိုင်ငံရေး ပြဿနာတွေကို အားလုံးမျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းနိုင်တဲ့
အချိန်ရောက်မှသာ "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အနေနဲ့ တက်ရောက်ဆွေးနွေး မှာဖြစ်ကြောင်း ၀ ဒီမိုကရက်တစ်ပါတီ
အကြီးအကဲ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်နပ် က အာအက်ဖ်ကို
ပြောကြား လိုက်ပါတယ်။
“တကယ်ဆွေးနွေးမယ်ဆိုရင် တိုင်းရင်းသားက သူ့ရဲ့အခွင့်အရေးဆိုင်ရာ တောင်းဆိုချက်တွေက သိပ်ပြီး
တော့ မတူနိုင်ကြဘူး၊ အထူးသဖြင့် ဥပမာ ဝ က ဒီကနေ့ တကယ်ပဲသူက အရေးကြီးကိစ္စ တစ်ရပ်အနေနဲ့ မရှိမဖြစ်မရမဖြစ်ဆိုတဲ့ ပြည်နယ်တောင်းတဲ့ကိစ္စတွေ ဒါတွေကို သူတို့က သီးခြားပြောဆိုမယ်၊ အဲဒီအချိန် ကျမှ သူတို့ရဲ့ လိုလားချက်တွေတင်မယ်၊ ဒီလိုအပြည့်အစုံ မပါဘဲနဲ့ ဆွေးနွေးမယ်ဆိုရင် ဒါအချည်းနှီးပဲဖြစ် မယ်လို့ သူတို့ကယူဆတယ်”
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ပြည်နယ်တစ်ခုအဖြစ် သီးသန့်ပေးဖို့ တောင်းဆို ထားတယ် လို့လည်း သိရပါတယ်။ ဒါကြောင့် တိုင်းရင်းသားအရေးတွေကို တကယ်တမ်း ဖြေရှင်းနိုင်တဲ့ အဆင့်ရောက်မှ သာ အဲဒီလို နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်ရောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်နီးလောက်က ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ကေအဲန်ယူထိန်းချုပ် နယ်မြေ လေးဝါးဒေသမှာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို UWSA က တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဟာ လက်နက်ကိုင်တပ်အင်အား
ခုနှစ်သောင်းလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိမှာ ၀ဒေသကို
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
အသိအမှတ်ပြုထားတာပါ။___အာအက်ဖ်အေ

0 မှတ်ချက်များ for "နိုင်ငံရေးပြဿနာကို တကယ်ဖြေရှင်းမှ သာ UWSA ဆွေးနွေး ပွဲတက်မည်"