ရွေးကောက်ပွဲ ဆက်လုပ်ဖို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ယင့်လက် ရှင်နာဝပ် နဲ့ ရွေးကောက်ပွဲ ကော်မရှင်အကြား ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အစိုးရက လာမယ့် တနင်္ဂနွေနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ ကို ရှေ့ ဆက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရွေးကောက် ပွဲ တွေ ကို ရွှေ့ဆိုင်းဖို့ အစိုးရကို တိုက်တွန်းထား တာ ဖြစ်ပါတယ်။

အခုလို ရှေ့ဆက် ဆောင်ရွက်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ လုပ်ပြီးခဲ့ရင်တောင် လွှတ်တော် ကိုယ်စား လှယ်တွေရဲ့ နာမည်ကို ထုတ်ပြောနိုင်မှာ မဟုတ်လို့ ပါလီမန် ခေါ်ဖို့ အချိန် ၄ လ၊ ၆ လ ကြာနိုင်တယ် လို့ ကော်မရှင်က ပြောပါတယ်။ ။

အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကတော့ မဲပေးပွဲ ပြင်ဆင်မှုတွေကို အနှောင့်အယှက် ပေးခဲ့ကြသလို ဝန်ကြီးချုပ်နဲ့ ကော်မရှင် တွေ့ဆုံ ဆွေးနွေကြတဲ့ စစ်တပ် အပြင်ဘက်မှာ စုရုံး ဆန္ဒပြခဲ့လို့ ပစ်ခတ်မှု တချို့ရှိခဲ့တယ်လို့ သိရပါတယ်။

လူ ၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

ဆန္ဒပြသူတွေရဲ့ သဘော ဆန္ဒကတော့ ရွေးကောက်ပွဲ မလုပ်ခင် အရင်ဆုံး ထိုင်းနိုင်ငံရေး စနစ်ကို အပြောင်းအလဲ လုပ်ချင်ကြတာ ဖြစ်ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ရွေးကောက်ပွဲ ဆက်လုပ်ဖို့ ထိုင်းအစိုးရ ကြေညာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++