ဗီယက်နမ် ဘဏ်အရာရှိဟောင်း ကို ထောင်တစ်သက်ချ

ဗီယက်နမ် နိုင်ငံတရားရုံးက ဘဏ်အရာရှိဟောင်း တစ်ယောက်ကို ငွေကြေးဆိုင်ရာ မမှန်မကန် လုပ်မှုနဲ့ ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။

ဒါဟာ ကွန်မြူနစ် ဗီယက်နမ်မှာ မသမာမှုနဲ့ ပတ်သက်ပြီး အကြီးမားဆုံး ကြားနာ စစ်ဆေးမှု လည်း ဖြစ်ပါတယ်။

Huynh Thi Huyen Nhu နဲ့ နောက်ထပ် ၂၂ ယောက်ဟာ ပုဂ္ဂလိက ရင်းနှီး မြုပ်နှံမှုနဲ့ ပြည်တွင်း ဘဏ်လုပ်ငန်း ပိုင်းမှာ ဒေါ်လာသန်း ၂၀ဝ မမှန် မကန်လုပ်မှုနဲ့ စွပ်စွဲ ခံခဲ့ကြရတာ ဖြစ်ပါတယ်။

ကျန်သူတွေ ကတော့ တစ်နှစ်ကနေ အနှစ် ၂၀ အထိ ထောင်ဒဏ် အသီးသီး ချမှတ် ခံခဲ့ကြရပါတယ်။

ပျမ်းမျှအားဖြင့် တစ်နှစ် ဝင်ငွေဒေါ်လာ တစ်ထောင်လောက်သာ ရှိကြတဲ့ ဗီယက်နမ်နိုင်ငံမှာ အခုလောက် များပြားလွန်းတဲ့ ငွေပမာဏ အလွဲသုံးစားလုပ်မှုကို မယုံနိုင်လောက်အောင် အံ့သြမဆုံး ဖြစ်ခဲ့ကြပါတယ်။

0 မှတ်ချက်များ for "ဗီယက်နမ် ဘဏ်အရာရှိဟောင်း ကို ထောင်တစ်သက်ချ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++