စီးပွားရေး လုပ်ငန်းကြီးများ အချက်အလက် NSA ရယူနေဟုဆို

အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ NSA သည် စီးပွားရေးလုပ်ငန်းကြီးများကိုလည်း တယ်လီဖုန်းနှင့် အချက်အလက်များ စပိုင်လုပ်နေသည်ဟု ရုရှားတွင် တိမ်းရှောင်နေသော NSA ဝန်ထမ်းဟောင်း စနိုးဒန်က ဖွင့်ချခဲ့သည်ဟု ဘီဘီစီ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 

ဂျာမနီရုပ်သံလိုင်းတစ်ခုနှင့် ပြုလုပ်သော အင်တာ ဗျူးတွင် စနိုးဒန်က အမေရိကန် ကုမ္ပဏီကြီးများနှင့် ပြိုင်ဘက်ဖြစ်သော ဂျာမနီ လုပ်ငန်းများကိုလည်း
ထောက်လှမ်းရေးအေဂျင်စီက စပိုင်လုပ်ထားဖွယ် ရှိသည်ဟု ပြောဆိုခဲ့သည်။

ဂျာမနီ အင်ဂျင်နီယာ ကုမ္ပဏီ Siemens နှင့် စပ်လျဉ်း၍လည်း အမေရိကန် ထောက်လှမ်းရေးက စောင့်ကြည့် သတင်းရယူနေနိုင်ကြောင်း ပြောကြား ခဲ့သေးသည်။ 

ပြီးခဲ့သည့်နှစ် သြဂုတ်လက ရုရှားအစိုးရသည် စနိုးဒန်ကို ခိုလှုံခွင့်ပေးခဲ့ပြီး ရုရှားနိုင်ငံအတွင်းတွင် နေရာ အတိအကျ မဖော်ပြဘဲ နေထိုင်လျက်ရှိသည်။ စနိုးဒန်ကို အမေရိကန်အစိုးရက အစိုးရပိုင် ပစ္စည်းများခိုးမှု၊ အမျိုးသား ကာကွယ်ရေး အချက်အလက်များကို အခွင့်မရှိဘဲ ရယူမှု စသည့်အချက်များစွာဖြင့် မျက်ကွယ် တရားစွဲဆိုထားကာ အမှုတစ်ခုချင်းသည် ထောင်ဒဏ် ၁၀ နှစ်စီ ချ၍ ရပေသည်။ ___ ဘီဘီစီ

0 မှတ်ချက်များ for "စီးပွားရေး လုပ်ငန်းကြီးများ အချက်အလက် NSA ရယူနေဟုဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++