ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေကို လာမယ့်မတ်လမှာ အိန္ဒိယစတင်ပြန်ရုပ်သိမ်းမည်

အိန္ဒိယဗဟိုဘဏ်က ၂၀၀၅ ခုနှစ် မတိုင်ခင်ကာလ မှာ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေကို လာမယ့်မတ်လ ၃၀ ရက်နေ့ကစပြီး ပြန်လည်ရုပ်သိမ်း သွားမယ်လို့
ပြောကြားလိုက်ပါတယ်။ 

သည်လုပ်ရပ်ကို အကောက်ခွန်ဌာနမှာ ကြေညာ
ခြင်း မရှိတဲ့ ဒါမှမဟုတ် အခွန်ဖြတ်တောက်ခြင်း မခံရတဲ့ တရားမဝင် ငွေကြေးတွေ လည်ပတ်မှုကို
ဖြတ်တောက်ဖို့ ကြိုးစားမှုတစ်ရပ်အဖြစ် ရှုမြင်ကြ ပါတယ်။ 

ခန့်မှန်းချက်တချို့အရ အိန္ဒိယရဲ့ တရားမဝင် မြေအောက်စီးပွားရေးဟာ တိုင်းပြည် စုစုပေါင်း ပြည်တွင်း ထုတ်ကုန် (GDP)ရဲ့ ၅၀ ရာခိုင်နှုန်းခန့်ရှိတယ်လို့ သိရပါတယ်။ 

သုံးစွဲသူတွေဟာ အဆိုပါ ငွေစက္ကူအဟောင်းတွေကို အသေးစားဘဏ်တွေမှာ လဲလှယ်နိုင်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။ 

ဒါ့အပြင် ၂၀၀၅ ခုနှစ် နောက်ပိုင်း ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေကိုတော့ တရားဝင် ငွေကြေးအဖြစ် ဆက်လက် ထားရှိသွားမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေကို လာမယ့်မတ်လမှာ အိန္ဒိယစတင်ပြန်ရုပ်သိမ်းမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++