ခြိမ်းခြောက်မှု ရှိသော်လည်း တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ဆက်လုပ်မည်
တောင်ကိုရီးယား နိုင်ငံစစ်တပ်သည် မြောက် ကိုရီးယားဘက်မှ သတိပေး ခြိမ်းခြောက်မှုများ ရှိနေသော်လည်း နယ်စပ်ဒေသတွင် စစ်ရေးလေ့ကျင့်မှုကို အမှန်တကယ် လက်နက်ပစ်ခတ်မှုများ ထည့်သွင်းခြင်းဖြင့် အင်္ဂါနေ့တွင် ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန မှ ပြောရေး ဆိုခွင့်ရှိသူ ကင်မင်ဆွတ်က အမြောက်များဖြင့် ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်မှုသည် တရားဝင်သော လေ့ကျင့်မှုတစ်ရပ်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ပိုင်နက်ဖြစ်သော ရေပြင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှု မပြုလုပ်မီ အင်္ဂါနေ့ အစောပိုင်းလောက်က လေ့ကျင့်မှုကို မရပ်တန့်ပါက ဆိုး ရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံဘက်မှ ဖက်စ်ဖြင့် သတင်းပေးပို့ ခြိမ်းခြောက်စာ ရောက်ရှိခဲ့သည်ဟု ၄င်းကဆိုသည်။__စီအန်အန်


0 မှတ်ချက်များ for "ခြိမ်းခြောက်မှု ရှိသော်လည်း တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု ဆက်လုပ်မည်"