အစိုးရကို ဆန့်  ကျင်တဲ့မည်သည့်နိုင် ငံရေးသမား မဆို ထောင်ထဲ ပို့မည်

အစိုးရကို ဆန့် ကျင်တဲ့ မည်သည့်နိုင်ငံရေးသမားမဆို ထောင်ထဲ ပို့ မည်ဟု ပြည်ထောင်စု ၀န်ကြီး မွေးမြူရေး လုပ်ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဦးအုန်းမြင့်က အခုလိုပြောသည်။

"ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး ခင်ဗျားတို့ မှတ်ထားကြ။ ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြောလာတာ ရှင်းတယ်နော် ကျွန်တော်ပြောတာ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး။ ကျွန်တော်အခုမှ နိုင်ငံရေးစကား စပြောတာပဲ
နိုင်ငံရေးစကားဆိုတာ တက်နေတဲ့အစိုးရ အပေါ်မှာ စော်ကား တဲ့ကောင် တွယ်မှာပဲ။ ပါးစပ်နဲ့ တွယ်လို့မရရင် အချုပ်ထဲ ထည့်မှာပဲ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်။ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် သွား မင်းအချုပ်ထဲနေ ငါတို့အစိုးရထွက်ရင် မင်းထွက်၊ ဒါပဲ ... ... ပြောခွင့် ရှိတဲ့အတွက် ကျွန်တော်ပြောတယ် ... ... ကျွန်တော်တို့အစိုးရက ခက်ခက်ခဲခဲနဲ့ မဲနိုင်ပြီး နေရာ ရလာတာ ... ... ခင်ဗျားတို့ ဘုဂလန့်မပြောနဲ့ ပြောရင် ခင်ဗျားတို့အတွက် တစ်ပြားမှလုပ်မပေးဘူး တိုင်ချင်တဲ့နေရာတိုင်လို့ ရတယ်။ တိုင်ရင်လည်း ကျွန်တော်မရောက်သေးလို့ပါ ပြောလိုက်ရုံပဲ ရှင်းတယ်နော်။ 

 

[ယနေ့ထုတ် Unity Weekly News ဂျာနယ်မှ ကောက်နုတ်ဖော်ပြသည်]


0 မှတ်ချက်များ for "အစိုးရကို ဆန့်  ကျင်တဲ့မည်သည့်နိုင် ငံရေးသမား မဆို ထောင်ထဲ ပို့မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++