ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် တိုက်ခိုက်မှုများဖြစ်ပွား

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် သီးခြားတိုက်ခိုက်မှု ဖြစ်ပွားရာ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားကြောင်း သိရသည်။

ပထမအကြိမ် တိုက်ခိုက်မှုသည် ဇန်နဝါရီ ၂၉ ရက်တွင် ဖြစ်ပွားကြောင်း ကရာချိမြို့ရှိ နာဇီမာဘတ် ရပ်ကွက်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော ကားတစ်စီးကို ကိုယ်ထိလက်ရောက် ရန်ပြုလိုသူများက လက်ပစ်ဗုံးဖြင့် ထုကြောင်း၊ ကားပေါ်ပါ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားသည်။

ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ယင်းဒေသ လမ်းဘေး၌ပင် ဗုံးတစ်လုံး ပေါက်ကွဲ ရာ တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိကြောင်း၊ ထို့နောက် တစ်နာရီခန့်အကြာတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ဌာနချုပ်အပြင်ဘက်တွင် အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲရာ ပြည်သူ့စစ် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပုဂ္ဂလိက လုံခြုံရေးတစ်ဦး သေဆုံးသည်ဟု သိရသည်။ ___အေပီ

0 မှတ်ချက်များ for "ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် တိုက်ခိုက်မှုများဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++