တော်လှန်ရေးတပ်ဖွဲ့ ညီလာခံတွေမှာ လက်မှတ်မထိုးတဲ့ RCSSက အစိုးရနဲ့ သီးသန့်တွေ့ဆုံ ရန်ရှိ
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ညီလာခံတွေမှာ လက်မှတ်ထိုးလေ့မရှိတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA ကို မကြာခင် ရန်ကုန်မှာပြုလုပ်မယ့် တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေး
ကြိုတင်ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က သီးခြား ဖိတ်ကြားထားခဲ့ကြောင်း သိရသည်။
ကျနော်တို့ RCSS က NCCT ထဲမှာ မပါတဲ့အတွက် ဒီအကြောင်းအရာတွေကို
လာရှင်းပြတယ်။ နောက်ပြီး
တော့ ရန်ကုန်မှာ နောက်တစ်ကြိမ် ထပ်လုပ်မယ့် NCCT Team နဲ့ တဖန်ပြန် ညှိနှိုင်းမယ့်ပွဲမှာလည်း ကျနော်တို့ RCSSကို တက်ရောက်စေလိုတဲ့အကြောင်း လာအကြောင်းကြားပါတယ်။ အစိုးရက သီးသန့် ဖိတ်ထားတယ်ဆိုတော့ သွားဖို့ အလားအလာများပါတယ်။ ဒီကိစ္စဟာ NCCT ကိစ္စသာမဟုတ်ပဲ အများအားလုံးနဲ့ ဆိုင်တဲ့ ဒီဆွေးနွေးပွဲပေါ့နော်၊ NCCT က ရထားတဲ့ သဘောတူညီချက်၊ ကျန်တဲ့ အစိုးရက ပြန်လည်ဖြည့်စွက်ရေးဆွဲထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူ ညီချက်ကို ညှိနှိုင်းမှာဖြစ်တဲ့အတွက်ကြောင့် အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ကျနော်တို့ သွားဖို့ အလားအလာများပါတယ် ဟု ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။

၂၀၁၂ခုနှစ်ထဲမှာ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးပေမဲ့ တပ်နယ်မြေသတ်မှတ်မှု အတိအကျ မရှိခြင်း၊ အစိုးရတပ်ဖက်က အပစ်အခတ်ရပ်သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိတဲ့ အတွက် မြန်မာအစိုးရတပ်တွေနဲ့ RCSS တပ်တွေဟာ တိုက်ပွဲပေါင်း တစ်ရာကျော် တိုက်ခိုက်မူတွေ
ရှိခဲ့တယ်လို့ ထပ်လောင်းပြောပါတယ်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဟာ လိုင်ဇာမှာကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်များ ညီလာခံကနေ နွေးဆွေးဆုံးဖြတ်ကြတဲ့ အပစ်အခတ် ရပ်ရေးမူကြမ်းအပေါ် လက်မှတ်ထိုးခြင်းမရှိသလို မကြာသေးခင်က
လောခီးလာ တိုင်းရင်းသား ညီလာခံ ကြီးမှာ တပြည်လုံး အတိုင်းအတာနဲ့
အပစ်ခတ်ရပ်စဲရေး မူကြမ်းကိုလည်း လက်မှတ်ရေးထိုး ထားတဲ့အထဲမှာမပါဝင်ဘူး။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလထဲမှာ အပစ်အခတ် ရပ်စဲရေးအတွက် မြန်မာအစိုးရနဲ့ သီးခြား တွေ့ဆုံခဲ့ကြသလို အခုလည်း RCSS/SSA ကို သီးခြား ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။

0 မှတ်ချက်များ for "တော်လှန်ရေးတပ်ဖွဲ့ ညီလာခံတွေမှာ လက်မှတ်မထိုးတဲ့ RCSSက အစိုးရနဲ့ သီးသန့်တွေ့ဆုံ ရန်ရှိ"