ငိုကြွေးရာ၌ မျက်ရည်အစား ကျောက်တုံးကျောက်ခဲများ ကျလာတဲ့သူ

ယီမင်နိုင်ငံ အနောက်ပိုင်း ဟူဒါအီဒါ ပြည်နယ်မှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် ငိုကြွေးရာ၌ မျက်ရည်အစား ကျောက်တုံးကျောက်ခဲ လေးများ ၎င်း၏မျက်လုံး အတွင်းမှ ကျလာသောကြောင့် ဆရာဝန် များက အံ့အားသင့်လျက် ရှိကြောင်း သိရသည်။

၎င်းမိန်းကလေး၏ ဖြစ်ရပ်သည် သူမ နေထိုင်ရာ ကျေး လက် ဒေသမှ ဒေသခံများ အတွက် အံ့သြ ထိတ်လန့် ဖွယ်ရာ ဖြစ်နေခဲ့ပြီး သူမ၏ အဖြစ်ကို ပယောဂ သို့မဟုတ် ကူးစက်ရောဂါ စွဲကပ်နေခြင်း ဖြစ်နိုင်ကြောင်း
ဒေသခံ များက ယူဆပြီး ကြောက်ရွံ့ ထိတ်လန့်လျက် ရှိသည်။

ဆာဒီယာဆာလေးဆိုသူ အဆိုပါ မိန်းကလေး၏ ကျောက်ခဲမျက်ရည် ကျခြင်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍
ဆေးပညာ ကျွမ်းကျင်သူ များက ရောဂါ အမျိုးအမည် မတပ်နိုင် သေးဟု ပြောကြားခဲ့သည်။

ဆာဒီယာ၏ မျက်လုံးအိမ်မှ ကျသော ကျောက်ခဲများကို ဘူးတစ်ဘူး ထဲတွင် ထည့်၍ ဆရာဝန် များက သိမ်းဆည်းနေသည့် ဗီဒီယို ဖိုင်ကို ယီမင် နိုင်ငံ၏ Azal ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သည်။

ဆာဒီယာသည် ထူးဆန်းသည့် ရောဂါတစ်မျိုး ခံစားနေရခြင်း ဖြစ်နိုင်ကြောင်း အချို့ ဒေသခံ များက ထင်မြင် ယူဆလျက်ရှိပြီး ၎င်းရောဂါသည် ကြောက်မက်ဖွယ် ကောင်းသည့် ကူးစက် ရောဂါပိုး ဖြစ် လာမည်ကို ဒေသခံ အချို့က စိုးရိမ် နေကြကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

0 မှတ်ချက်များ for "ငိုကြွေးရာ၌ မျက်ရည်အစား ကျောက်တုံးကျောက်ခဲများ ကျလာတဲ့သူ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++