ဆန္ဒပြမှု ကန့်သတ်တဲ့ဥပဒေ ယူကရိန်း ဖျက်သိမ်းမည်

ယူကရိန်းနိုင်ငံမှာ သမ္မတ ဗစ်တာ ယန်နူကိုဗစ်ခ်ျက အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ အပေါ် တားမြစ်တဲ့ ဥပဒေကို ရုပ်သိမ်းဖို့သဘောတူလိုက်ပြီး တဲ့နောက် မှာ မြို့တော်ဖြစ်တဲ့ ကိယက်ဗ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ အကြမ်းဖက်မှုတွေ တိုးလာစေပါတယ်။

ဥပဒေကိုရုပ်သိမ်းပေးတဲ့ကြေညာချက်ဟာ အတိုက် အခံ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီးတဲ့နောက် တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အခုလို ဥပဒေကိုပြင်ဆင်လိုက်တာဟာ ဥရောပနိုင်ငံတွေရဲ့စံချိန်စံနှုန်းနဲ့ အညီ လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ တရားရေးဝန်ကြီးက ပြောပါတယ်။

ဆန္ဒပြသူတွေက သိမ်းပိုက်ထားတဲ့ အစိုးရအဆောက်အဦးတွေက ထွက်ခွာမပေးသေးသရွေ့ သမ္မတအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ မဟုတ်သလို ဖမ်းဆီးထားတဲ့အတိုက်အခံလှုပ်ရှားသူတွေ ကိုလည်း ပြန် လွှတ်ပေးမှာ မဟုတ်ဘူးလို့ သမ္မတ ယန်နူကိုဗစ်ခ်ျက ပြောပါတယ်။

အတိုက်အခံထောက်ခံသူတွေဟာ ယူကရိန်းနိုင်ငံမှာရှိတဲ့ ၂၅ ပြည်နယ်ထဲက ၁၀ ပြည်နယ်ရဲ့ အစိုးရရုံးတွေ ကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ အာဆီညီ ယက်ဆန်ယွတ်က သူ့ကိုဝန်ကြီးချုပ်ရာထူးပေးမယ်ဆိုပြီးတော့ သမ္မတ ယန်နူကိုဗစ်ခ်ျက ကမ်းလှမ်းထားတာကို ငြင်းပယ် လိုက်ပြီးတဲ့နောက်မှာ ဆန္ဒပြပွဲတွေ ဆက်ပြီးတော့ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။___ဗွီအိုအေ

0 မှတ်ချက်များ for "ဆန္ဒပြမှု ကန့်သတ်တဲ့ဥပဒေ ယူကရိန်း ဖျက်သိမ်းမည် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++