အီဂျစ်မှာ ဆန္ဒပြမှု တိုက်ခိုက်ရာကနေ လူ ၄၉ ဦးထက်မနည်း သေဆုံး

၂၀၁၁ ခုနှစ်က အီဂျစ်သမ္မတ မူဘာရက်အား ပုန်ကန်ဆန့်ကျင်မှုများ ဖြစ်ပွားပြီး ရာထူးမှ ဖယ်ရှား ပစ်ခဲ့သော တတိယမြောက် နှစ်ပတ်လည်နေ့ဖြစ် သည့် ဇန်နဝါရီ ၂၆ ရက်နေ့၌ ကိုင်ရိုမြို့၌ ဖြစ်ပွား ခဲ့သော ဆန္ဒပြမှုတွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၄၉ ဦးထက်မနည်း သေဆုံးကြောင်း အီဂျစ် ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။ 

စစ်ဘက်မှ ကျောထောက်နောက်ခံပြုထားသည့် အီဂျစ်အစိုးရအား ထောက်ခံသူများနှင့် ပြိုင်ဘက်ဆ္ဒပြသူ များ ကိုင်ရိုမြို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အီဂျစ်နိုင်ငံသားများအနေဖြင့် အီဂျစ်တော်လှန်ရေး သုံးနှစ်ပြည့် အထိမ်းအမတ် အခမ်းအနားများသို့ သွားရောက်ရန်အတွက် ကြောက်ရွံ့စရာမရှိကြောင်း အီဂျစ်ပြည်ထဲရေး ဝန်ကြီး မိုဟာမက်အီဘရာဗာမ်က တိုက်တွန်းပြောကြားသည်။ 

အီဂျစ်စစ်ဘက်နှင့် လက်ရှိစိုးရအား ထောက်ခံသူ ထောင်ပေါင်းများစွာတို့သည် ၂၀၁၁ ခုနှစ်အတွင်း က ကျော်ကြားခဲ့သော တော်လှန်ရေးဗဟိုဆုံချက်နေရာဖြစ်သည့် တီဟာရင်ပြင်သို့ စုရုံးသွားရောက် ကြသည်။ 

ယင်းသို့ သွားရောက်ကြသူများသည် အီဂျစ်နိုင်ငံအလံများကို ဝှေ့ယမ်းကြပြီး ၄င်းတို့ထဲတွင် လူအများ အပြားက အီဂျစ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်လ်ယာဟာအယ်စီစီအား သမ္မတ ရွေးကောက်ပွဲဝင်ရေးအတွက် တိုက်တွန်းရေးသားထားသည့် စာတမ်းကိုကို ကိုင်ဆောင် ထားကြောင်း သိရသည်။ 

Source: http://www.smh.com.au/world/egypt-clashes-at-least-49-killed-on-uprising-anniversary-20140126-hv9vk.html

0 မှတ်ချက်များ for "အီဂျစ်မှာ ဆန္ဒပြမှု တိုက်ခိုက်ရာကနေ လူ ၄၉ ဦးထက်မနည်း သေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++