ကမ္ဘာ့အရပ်အရှည်ဆုံးနဲ့ အပုဆုံး အားကစားသမား
အမေရိကန် NBA ဘတ်စကတ်ဘော အားကစား သက်တမ်း တစ်လျှောက်မှာ ကမ္ဘာ့အရပ်အရှည်ဆုံးနဲ့ အပုဆုံး အားကစားသမား ၂ ဦး တွဲဖက်ခဲ့ဖူး ပါတယ်။ ၁၉၈၇-၈၈ ခုနှစ်များကာလက ဖြစ်ပြီး Muggsy Bogues လို့အမည်ရတဲ့ လူငယ်က အရပ် ၅ ပေ ၃ လက်မပဲ ရှိပါတယ်။
နောက်တစ်ဦး ကတော့ Manute Bol လို့ အမည်ရပြီး အရပ် ၇ပေ၇လက်မ မြင့်ပါတယ်။ သူတို့ ၂ ဦးစလုံးဟာ တစ်သင်းထဲမှာ ပါဝင်ပြီး လိုက်ဖက်အညီဆုံး အားကစား တွဲဖော်တွဲဖက် ဖြစ်ခဲ့ ပါတယ်။ မိနစ်ပေါင်း ၂၇၆၄ မိနစ် အတူ ဆော့ခဲ့ပြီး ၅၆၉ ပွိုင့် ရရှိခဲ့ ပါတယ်။
ပြီးတော့ မဂ္ဂဇင်း သုံးခုရဲ့  ကာဗာမှာ ပါဝင်ခဲ့ ပါတယ်။ ဒါကြောင့်မို့ Muggsy နဲ့ Manute ဟာ ကမ္ဘာ့ အရပ်အရှည်ဆုံးနဲ့ အရပ်အပုဆုံး တွဲဖက် အားကစားသမား အဖြစ် မှတ်တမ်းတင်စေခဲ့ ပါတယ်။ ___ အောင်ခမ်း

0 မှတ်ချက်များ for "ကမ္ဘာ့အရပ်အရှည်ဆုံးနဲ့ အပုဆုံး အားကစားသမား"