ရန်လိုမှုတွေကို ပျက်ပြယ်စေတဲ့ ရင်နှီးမှု (ကျားနှင့်လူ)

ဧရာမ ကျားကြီးတစ်ကောင်၏ နှုတ်ခမ်းကို နမ်းရှုပ်ရန် ဆိုသည်မှာ အလွန် ကြက်သီးထစရာ အခြေအနေမျိုး ဖြစ်နိုင်သည်။ 

သို့သော်လည်း အင်ဒိုနီးရှားရှိ ရွာငယ်လေး တစ်ခုမှ အက်ဘ်ဒူလာ ရှိုလာအတွက်မူ ယင်းသည် ပြဿနာ တစ်ခုမဟုတ်ချေ။ 

၎င်းသည် မူလန်အမည်ရှိ ဘင်္ဂလားကျားကြီး တစ်ကောင်နှင့် အလွန်ရင်းနှီး ကျွမ်းဝင်ပြီး လုံးထွေး ရစ်ပတ် ဆော့ကစားလေ့ရှိသူ ဖြစ်သည်။

သတင်းထောက်များက တောင်းဆိုသောအခါ ၎င်းက မူလန်နှင့် လိုလိုချင်ချင်ပင် နမ်းရှုပ်ကျီစယ်ပြခဲ့သည်။ အသက်(၃၃)နှစ်ရှိ အက်ဘ်ဒူလာသည် ကျားကြီးမူလန် ကလေးဘဝ အကောင်ပေါက်လေး အရွယ် ကတည်းက ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်သည်။

0 မှတ်ချက်များ for "ရန်လိုမှုတွေကို ပျက်ပြယ်စေတဲ့ ရင်နှီးမှု (ကျားနှင့်လူ)"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++