ဗီယက်နမ် မူးယစ်မှောင်ခိုမှု လူ ၃၀ ကျော် သေဒဏ်ချ
ဗီယက်နမ် နိုင်ငံမှာ အကြီးကျယ်ဆုံးလို့ ဆိုကြတဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှု ဆိုင်ရာ ကြားနာ စစ်ဆေးမှုမှာ လူ ၃၀ ကျော်ကို တရားရုံးက သေဒဏ်အပြစ် ချမှတ် လိုက်ပါတယ်။
လာအို နိုင်ငံကနေ ဟီးရိုးအင်း ဘိန်းဖြူ နှစ်တန်နီးပါးကို ဗီယက်နမ်က တဆင့် တရုတ်နိုင်ငံဆီ မှောင်ခို သယ်ယူ မှုနဲ့ အမျိုးသား ၂၁ ယောက်နဲ့ အမျိုးသမီး ၉ ယောက် မှာ အပြစ် ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ တာပါ။
နောက်ထပ် လူ အတော်များများလည်း ထောင်ဒဏ် တစ်သက် အထိ ပြစ်ဒဏ်တွေ ချမှတ် ခံခဲ့ကြရပါတယ်။
ကြားနာ စစ်ဆေးရမယ့် လူ အရေအတွက် များပြားတာက တစ်ကြောင်း၊ အမှုရဲ့ လေးနက်မှုကြောင့် တစ်ကြောင်းကြောင့် ကြားနာစစ်ဆေးမှုကို နိုင်ငံ မြောက်ပိုင်း Quang Nin ပြည်နယ်က အကျဉ်းထောင် မှာ ပြုလုပ် ခဲ့ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ဗီယက်နမ် မူးယစ်မှောင်ခိုမှု လူ ၃၀ ကျော် သေဒဏ်ချ"