ဖွံ့ဖြိုးရေးအတွက် ဂျပန်ထောက်ပံ့တဲ့ငွေ နဲ့ ဒေသသုံးခုမှာ အစိုးရစတင်
ဆယ်စုနှစ် တစ်ခုနီးပါးကြာ ရပ်ဆိုင်းထားခဲ့သော
ဂျပန်နိုင်ငံ၏တရားဝင်အထောက်အပံ့ငွေဖြင့်
အစိုးရဌာနများက ပြည်တွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ဒေသသုံးခုတွင် စတင်ဆောင်ရွက်နေပြီဟု အပြည်ပြည်ဆိုင်ရာ ဂျပန်ဖွံ့ဖြိုးရေးအေဂျင်စီမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးထွန်းမြင့်သိန်းက ဆိုသည်။
ဂျပန်ယန်းငွေ သန်းပေါင်း
၁၇ဝ ကုန်ကျမည့် စီမံကိန်း ၇၂ ခုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်နေရာသုံးခုမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး၌ ဆောင်ရွက်သွားမည်ဖြစ်ရာ ယင်း စီမံကိန်းထဲမှအချို့ကို သက်ဆိုင်ရာဝန်ကြီးဌာနတို့က အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
”တိုင်းဒေသကြီးနဲ့ ပြည်နယ်သုံးခုမှာတော့ စနေပြီ။ အချို့လည်း ကန်ထရိုက်တွေ ခေါ်နေပြီ”ဟု ၎င်းက ပြောသည်။
”တိုင်းဒေသကြီးနဲ့ ပြည်နယ်သုံးခုမှာတော့ စနေပြီ။ အချို့လည်း ကန်ထရိုက်တွေ ခေါ်နေပြီ”ဟု ၎င်းက ပြောသည်။
ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး စသောလုပ်ငန်း သုံးခုကိုသာ အကောင်အထည်ဖော်မည်ဖြစ်ရာ
ကျန်ပြည်နယ်နှင့် တိုင်းများမှ အချို့သော စီမံကိန်းများမှာ စတင်နိုင်ရန်
စီစဉ်နေဆဲအဆင့်တွင်ပင် ရှိနေသေးကြောင်း ၎င်းထံမှသိရသည်။
အဆိုပါ
စီမံကိန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မွေး/ရေ/ကျေးလက် ဝန်ကြီးဌာနသုံးခုတို့က
ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၁၅ နှစ်ကုန်အထိ နောက်ဆုံးထားကာ
အပြီး
ဆောက်ရွက်ဖို့ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ဂျပန်ဖွံ့ဖြိုးရေး အေဂျင်စီမှ သိရသည်။
ဆောက်ရွက်ဖို့ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ဂျပန်ဖွံ့ဖြိုးရေး အေဂျင်စီမှ သိရသည်။
ဂျပန်ကိုယ်စားလှယ်အဖွဲ့က ယခုကဲ့သို့ စီမံကိန်းများ ဆောင်ရွက်ရန်
ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်က
မြန်မာသို့ လာရောက်လေ့လာခဲ့သည်။
သို့သော် ပဋိပက္ခတို့ရှိနေသော ရခိုင်ပြည်နယ်သို့ မသွားရောက်နိုင်၍ အကူအညီပေးရန် ကနဦးအစီအစဉ် ထဲတွင် မထည့်ခဲ့သော်လည်း နောက်ပိုင်းတွင် သမ္မတရုံးအစီအစဉ်ကြောင့် ဂျပန်မှ ရခိုင်ကိုပါ ကူညီပေးမှု၌ ထည့်သွင်းခဲ့သည်။___PMNJ

0 မှတ်ချက်များ for "ဖွံ့ဖြိုးရေးအတွက် ဂျပန်ထောက်ပံ့တဲ့ငွေ နဲ့ ဒေသသုံးခုမှာ အစိုးရစတင်"