လာဘ်စားမှုဖြင့် အန်တာရာ ရဲအရာရှိ (၃၅၀) ဦးကို ထုတ်ပယ်

တူရကီအစိုးရသည် အန်တာရာမြို့ရှိ ရဲဌာနကြီးများ၏ အကြီး အကဲအချို့အပါဝင်ရဲအရာရှိ (၃၅၀) အား ၀န်ကြီးချုပ်၏အဓိက အပေါင်းအသင်းများကို မီခို၍လာဘ်စားမှုဖြင့် ထုတ်ပယ်လိုက် ကြောင်းဒေသခံ သတင်းမီဒီယာများ က ဒီဇင်ဘာလ (၇) ရက်နေ့ တွင် ရေးသားဖော်ပြလိုက်သည်။ 

ထိုအရာရှိများအားညဥ့်သန်း ကောင်အချိန်တွင်ထုတ်ပြန်သည့် အမိန့်ကြော်ငြာတစ်ခုဖြင့်ထုတ်ပယ် ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် စီးပွား ရေးမှုခင်းဌာန၊ မှောင်ခိုတိုက် ဖျက်ရေးဌာန၊ ဆိုက်ဘာမှုခင်းဌာနနှင့် ကြိုတင်စီစဉ်ကျူးလွန်သည့် မှုခင်းဌာနတို့၏အကြီးအကဲများ လည်းပါဝင်ကြောင်း ပုဂ္ဂလိက ဒိုဂန်နယူးစ်အေဂျင်စီကရေးသား ဖော်ပြလိုက်သည်။ 

ထိုအမိန့်စာ၌ထုတ်ပယ်ခဲ့ သည့်အရာရှိများ၏နေရာတွင်အရာ ရှိ ၂၅၀ အားအစားထိုးခန့်အပ် ကြောင်းလည်း ပါဝင်သည်။ထိုသို့ ထုတ်ပယ်မှုသည်ဝန်ကြီးချုပ် အယ်ဒိုဂန်၏ (၁၁) နှစ်ကြာ အုပ်ချုပ်မှုအား အကြီးမားဆုံးခြိမ်း ခြောက်မှုဖြစ်လာသည့်အဆင့်မြင့် လာဘ်စားမှုများအားဖြေရှင်းရန်အတွက် အစိုးရက ဆောင်ရွက် ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

စုံစမ်းစစ်ဆေးမှုများသည် ၀န်ကြီးချုပ်အယ်ဒိုဂန်နှင့် အမေရိ ကန်ပြည်ထောင်စုတွင်နေထိုင်သည့် အရှိန် အ၀ါကြီးမားသောမွတ်စလင် ပညာသင်ဖက်သူလားဂူလန်းအဖွဲ့ တို့အကြားတအုံနွေးနွေးဖြစ် လာ သောတင်းမာမှုနှင့် ဆက်စပ်နေ လိမ့်မည်ဟုလည်းယုံကြည်ရ သည်။ 

ဂူလန်းအဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့နှင့် တရားရေးဌာနအပါ အ၀င်အစိုးရဌာနအများအပြား တွင် အဓိက ကျသောရာထူးများ အားရယူထားကြသည်။ 

အယ်ဒိုဂန်ကထိုစုံစမ်းစစ်ဆေး မှုသည်၎င်းအားဖြုတ်ချရန် ပြည်ပ မှကြံစည်သည့်လုပ်ရပ်တစ်ခုဖြစ် သည်ဟုပြစ်တင်ရှုံ့ချကာလက်တုံ့ ပြန်သည့်အနေနှင့် ဒီဇင်ဘာလ လယ်မှစ၍ နိုင်ငံတစ်ဝှမ်းတွင် ရဲတပ်ဖွဲ့အကြီးအကဲများအားဒါဇင် နှင့်ချီ၍ထုတ်ပယ်ခဲ့ကြောင်းလည်း သိရသည်။ ___အာစီယံဝမ်း

0 မှတ်ချက်များ for "လာဘ်စားမှုဖြင့် အန်တာရာ ရဲအရာရှိ (၃၅၀) ဦးကို ထုတ်ပယ် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++