ဆီးရီးယားဒုက္ခသည် ရှိတဲ့မြို့ ကို ရော့ကတ်နဲ့ပစ်ခတ်၍ ၇ ဦး သေဆုံး
ဆီးရီးယား နယ်စပ်ကနေ ရော့ကက် လောင်ချာတွေနဲ့ အာဆယ်လ်မြို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၇ ဦး သေဆုံးသွားတယ်လို့ လက်ဘနွှန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ဒါဟာ ဆီးရီးယားဘက်ကနေ ပစ်ခတ်တဲ့ ရော့က်တွေ
ဖြစ်တယ်လို့ လက်ဘနွှန် စစ်တပ်ကနေ ပြော ပါတယ်။
အာဆယ်လ် မြို့တော်ဝန်ကတော့ ဒါဟာ ဟက်ဇ်ဘိုလာ စစ်သွေးကြွအုပ်စု ထိန်းချုပ်ထားတဲ့ လက်ဘနွန် နယ်မြေထဲကနေ ပစ်ခတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဘက်ကာ တောင်ကြားဒေသမှာရှိတဲ့ ဒီ အာဆယ်လ် မြို့မှာ ဆီးရီးယား ဒုက္ခသည် ထောင်နဲ့ချီပြီး ရှိနေကြတာ ဖြစ်ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ဆီးရီးယားဒုက္ခသည် ရှိတဲ့မြို့ ကို ရော့ကတ်နဲ့ပစ်ခတ်၍ ၇ ဦး သေဆုံး"