ကလေးငယ်ခေါင်းကို ဖြတ်ပြီး သွေးသောက်ခဲ့တဲ့ အိန္ဒိယမှော်ဆရာ သေဒဏ်ချမှတ်

အိန္ဒိယလူမျိုးတစ်ယောက်ဟာ ကလေးငယ် တစ်ယောက်ကို ခေါင်းဖြတ်သတ်ပြီး ကလေး ရဲ့သွေးတွေ သောက် ခဲ့ကြောင်းအပြစ် ထင်ရှားတဲ့ အတွက် သေဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း mirror သတင်းဌာနမှာ မနေ့ က ဖော်ပြထားပါတယ်။ 

ဒီရာဇ၀တ်မှုဟာ မှော်ဂမ္ဘီရကျင့်စဉ် တစ်ခုနဲ့ ပတ် သတ်နေကြောင်း ရဲတွေက အတည်ပြု ထားပါ တယ်။ လက်ခ်ျမီးကန်တာဆာကာ ဟာ ကလေးငယ်ရဲ့ခေါင်းကို သင်္ချိုင်း ထဲက သစ်ပင်တစ်ပင်မှာ တွဲလောင်းချိတ်ပြီး သွေးတွေ ခံယူသောက်သုံးနေတာကို ရွာသားတွေက လက်ပူးလက်ကြပ်မိခဲ့တာပါ။

လက်ခ်ျမီးကန်တာဆာကာ ဟာ အေဒီ ၅ ရာစု လောက်က ဟိန္ဒိုကျင့်စဉ်တစ်ခုဖြစ်တဲ့ “တန်ထရာ” ကို ကျင့်ကြံ လိုက်နာနေသူဖြစ်ပြီး ဒီလူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်၊ ဘန်ကူရာ ခရိုင်မြို့ ၊ ကာလာကူရီ ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး အိန္ဒိယ လူမျိုး ရုပ်သံအမှုထမ်းတစ်ဦးက ဗီဒီယို ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဆာကာ ကို ဆူလဂ်နာ ခရိုင်တရားရုံးမှာ အမှုတင်စစ်ဆေးခဲ့ပြီး မျက်မြင်သက်သေ ၁၇ ယောက်က အပြစ်ရှိကြောင်း ထွက်ဆိုခဲ့တဲ့အတွက် သေဒဏ် စီရင်ခဲ့ပါတယ်။

ဆာကာ ကို သင်္ချိုင်းမှာ တွေ့ ရှိရတဲ့အချိန်မှာ ရွာသားတွေဟာ “စုန်းကဝေကောင်” လို့ အော်ဟစ်ပြီး ၀ိုင်းရိုက်ပုတ်ခဲ့ကြတဲ့အတွက် ရဲတွေက ဥပဒေမဲ့အပြစ်ပေးသလိုမျိုး မဖြစ်အောင်လို့ ဝင်တားမြစ်ခဲ့ရပါတယ်။

တန်ထရာ ကျင့်စဉ် ဟာ အိန္ဒိယ နာမ်ဝိဥာဉ်ဂမ္ဘီရအယူဝါဒ မှာ မထင်ရှားဆုံးအပစ်ပယ်ခံရဆုံး ကျင့်စဉ်ခွဲ တစ်ခုဖြစ်ပါတယ်။ တန်ထရာ ကျင့်စဉ် ကျင့်သုံးသူတွေဟာ သူတို့ ဆန္ဒလိုလားချက်တွေ ပြည့်ဝဖို့ အတွက် အခုလို သွေးစွန်းယစ်ပူဇော်မှုတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။___Ref:mirror

0 မှတ်ချက်များ for "ကလေးငယ်ခေါင်းကို ဖြတ်ပြီး သွေးသောက်ခဲ့တဲ့ အိန္ဒိယမှော်ဆရာ သေဒဏ်ချမှတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++