ခင်ပွန်းသည်မဲ့ ကိုယ်ဝန်ရှိမှန်းမသိဘဲ ကလေးမွေးခဲ့တဲ့ ခရစ်ယာန် သီလရှင်

အီတလီလူမျိုးခရစ်ယာန် သီလရှင်တစ်ဦးသည် ကိုယ်ဝန် ရှိနေကြောင်း အမှန်တကယ်မသိခဲ့ဘဲ သားယောက်ျား လေးတစ်ဦး မွေးဖွားခဲ့ကြောင်း သိရ သည်။

အသက် ၃၁ နှစ် အရွယ်ရှိ အဆိုပါ သီလရှင်သည် ယခုသီတင်းပတ် အစောပိုင်း အတွင်းဆိုးဆိုးရွားရွား အစာအိမ် ဝေဒနာ ခံစားရသည်ဟုဆိုကာ ဆေးရုံ တက်ခဲ့ခြင်းဖြစ်သည်။

”ကျွန်မမှာ ကိုယ်ဝန် ရှိနေမှန်း မသိခဲ့ဘူး။ အစာအိမ်နာနေတယ်လို့ ခံစားနေရတာပါ”ဟု ၄င်းက အီတလီ သတင်းဌာန ANSA ကိုပြောကြားသည်။

၎င်းသည် သားဖြစ်သူအား ဖရန်စစ်ဟု အမည်ပေးထားပြီး လက်ရှိ ပုပ်ရဟန်းမင်း ဘုန်းတော်ကြီး စိန့်ဖရန်စစ်သည် နိုင်ငံအဝှမ်း ကျော်ကြားသူတစ်ဦး ဖြစ်သောကြောင့် ထိုအမည်မှာ အီတလီ နိုင်ငံ ၌ ရေပန်းစား လှသည်။

အဆိုပါ သီလရှင် ကလေးမွေးသော သတင်းသည် Rieti မြို့လေးအား တအံ့တသြ ဖြစ်စေခဲ့ပြီး စေတနာရှင် များက ကလေးနှင့် မိခင်အတွက် ပိုက်ဆံနှင့် အဝတ် အထည် များ ပေးအပ်လှူဒါန်း ကြသည်။

၎င်းမြို့လေး၏ မြို့တော်ဝန်က မိခင်နှင့် ကလေးအား လွတ်လပ်စွာနေ ထိုင်ခွင့်ပေးရန် မြို့သူမြို့သား များအား တိုက်တွန်းထားပြီး ၄င်း၏ မိတ်ဆွေ သီလရှင်များက ယင်း သတင်းကြောင့် အံ့အား သင့်လျက်ရှိသည်။___Ref : Daily Mail

0 မှတ်ချက်များ for "ခင်ပွန်းသည်မဲ့ ကိုယ်ဝန်ရှိမှန်းမသိဘဲ ကလေးမွေးခဲ့တဲ့ ခရစ်ယာန် သီလရှင် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++