နိုင်ငံတကာ ငွေကြေးခဝါချဂိုဏ်း သြစတြေးလျ နှိမ်နင်း
နိုင်ငံပေါင်း ၂၀ ကျော်မှာ ငွေကြေးခဝါချပေးနေပြီး ငွေတွေကို ဟစ္စဘိုလာအဖွဲ့အပါအဝင် တခြားနိုင်ငံတွေဆီ လွှဲပေးခဲ့တဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်ကို နှိမ်နင်းခဲ့တယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
တရားမဝင် မော်တော်ဆိုင်ကယ်ဂိုဏ်းတွေ၊ လူကုန်ကူး သူတွေနဲ့ တခြားသူတွေ လုပ်ဆောင်နေတဲ့ သည်ပြည်ပ
ငွေကြေး ခဝါချမှုကို ပစ်မှတ်ထားနေတဲ့ အီလီဂိုးလို့ လျှို့ဝှက် နာမည်ပေးထားတဲ့ တစ်နှစ်ကြာ စစ်ဆင်ရေး အတွင်း ငွေသား သြစတြေးလျဒေါ်လာ ၂၆ သန်းအပါအဝင် အဖိုးတန် ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါး အမေရိကန် ဒေါ်လာ ၅၁၂ သန်းဖိုးကို သိမ်းဆည်းရမိတယ်လို့ သြစတြေးလျ မှုခင်း ကော်မရှင်က ပြောပါတယ်။

အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ အပါအဝင် ထောက်လှမ်းရေးဌာနတွေ ရတဲ့သတင်းအချက် အလက်တွေကြောင့် အဆိုပါ စစ်ဆင်ရေးဟာ နိုင်ငံပေါင်း ၂၀ က လူပေါင်း ၁၂၈ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး အကြီးအကျယ်ဂိုဏ်းဖွဲ့ လုပ်ဆောင်နေတဲ့ လူဆိုးဂိုဏ်း ၁၈ ဂိုဏ်ကို ဖက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ Ref-New24

0 မှတ်ချက်များ for "နိုင်ငံတကာ ငွေကြေးခဝါချဂိုဏ်း သြစတြေးလျ နှိမ်နင်း"