ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကန့်ကွက်သူ အနည်းဆုံး ၁၅ ဦးသေဆုံး
ဘင်္ဂလားဒေ့ရှ်အစိုးရက တနင်္လာနေ့၌ အထွေထွေ
ရွေးကောက်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ကျင်းပ မည်ဖြစ်ကြောင်း ကြေညာပြီးသည့်နောက် ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ နိုင်ငံတစ်ဝန်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီဟု တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားသည်။
ရွေးကောက်ပွဲကို ဇန်နဝါရီ ၅ ရက်တွင် ကျင်းပ မည်ဖြစ်ကြောင်း ကြေညာပြီးသည့်နောက် ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ နိုင်ငံတစ်ဝန်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီဟု တာဝန်ရှိသူများက ကြာသပတေးနေ့တွင် ပြောကြားသည်။
အစိုးရ သတ်မှတ်သည့် ရက်ကို အတိုက်အခံတို့ က ငြင်းပယ်ပြီး လမ်းပန်းဆက်သွယ်ရေးကို ပိတ်ဆို့ထားရန် ဆော်သြခဲ့သည်။ ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ကြားနေ အိမ်စောင့်အစိုးရအား ရွေးကောက်ပွဲ ကြီးကြပ်စေရန်အတွက် အာဏာလွှဲပြောင်းပေးခြင်းကို အတိုက်အခံတို့က အလိုရှိကြသည်။ ယင်းသို့ လုပ်ဆောင်ခြင်းကို ယခင်ရွေးကောက်ပွဲ ကျင်းပစဉ်က ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အတိုက်အခံတို့က လမ်းပန်းဆက်သွယ်ရေးကို သောကြာနေ့တိုက် ပိတ်ဆို့ထားမည်ဖြစ်သည်။ ၄င်တို့ကို ထောက်ခံသူများက မီးရထားသံလမ်းများကို ဖျက်ဆီးခြင်း၊ ဘတ်စ်ကားများ၊ တက္ကစီကားများကို မီးရှို့ခြင်း၊ ကူးတို့သင်္ဘောများ မမောင်းရန် တားမြစ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
ယင်းသို့ဖြစ်နေစဉ် ကုလသမဂ္ဂ သံတမန် အော်စကာ ဖာနန်ဒက်(စ်) တာရန်ကိုသည် ရွေးကောက်ပွဲ လိပ်ခဲတည်းလည်း ဖြစ်နေခြင်ကို အဆုံးသတ်ရန်အတွက် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးရန် ဒီဇင်ဘာ ၆ ရက်တွင် လာရောက်မည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။
လွတ်လပ်၍ တရားမျှတသော၊ သန့်ရှင်းသော ရွေးကောက်ပွဲ ကျင်းပရန် နိုင်ငံရေး ခေါင်းဆောင်များအတွက် ကုလသမဂ္ဂအကြီးအကဲ၏ ပြင်းထန်သော သဝဏ်လွှာကို ၄င်းသံတမန်က ယူဆောင်လာ မည်ဖြစ်ကြောင်း ဒေးလီး စတား သတင်းစာက ဖော်ပြသည်။
0 မှတ်ချက်များ for "ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကန့်ကွက်သူ အနည်းဆုံး ၁၅ ဦးသေဆုံး"