မြန်မာ့လက်ဝှေ့မှာ ပထမတန်း၊ ဒုတိယတန်း သတ်မှတ်ပုံ လိုအပ်ချက်တွေရှိနေ

အခုလက်ရှိ စံနှုန်းများအတိုင်း ဆက်သွားပါက ဝိတ်တန်းအလွတ် ပွဲတွေသာများပီး ဝိတ်တန်းမြင့် လက်ဝှေ့မောင်များသာ ရေရှည်တွင် ပထမတန်း လက်ဝှေ့ကျော် အဖြစ်သတ်မှတ် ခံရကာ မြန်မာ
ပြည် ချန်ပီယံ နေရာကို စိတ်ကူးရင် ခွင့်ရှိသူများ
ဖြစ်နေသည်။

သားသား ၊ သတ္တိအောင် စသော ဝိတ်တန်း နိမ့် လက်ဝှေ့မောင်များမှာ ဝိတ်တန်းမြင့်သူ
တော်တော်များများထက် စိတ်ဓတ် ၊ ပညာ ၊ သတ္တိ အစစအရာရာ သာလွန်သော်လည်း ဝိတ်တန်း နိမ့် ၊ လူကောင်သေး သည်ဟူ သော အကြောင်းပြချက်ဖြင့် ပထမတန်း ရောက်ရန်ပင် ခဲယဉ်းလှ၏။

ဤသို့ဆိုလျှင် မြန်မာ့လက်ဝှေ့သည် ဝိတ်တန်း နိမ့် ၊ လူကောင်သေး သူများအတွက်နေရာမရှိသကဲ့သို့
ဖြစ်နေပေသည်။

ဤအတိုင်းဆက်သွားပါက ဤရိုးရာအားကစား အတွက် အနာဂတ်မလှနိုင်ချေ။

ဝိတ်တန်းအလွတ် ပွဲများထိုးခိုင်းပါကလဲ လက်ဝှေ့မောင်တို့၏ ဝိတ် ၊ ထိုးသတ်မှူမှတ်တမ်း ၊ ရရှိထားသော ဆု ၊ အသက် စသည်ဖြင့်စုံစုံလင်လင် ဖော်ပြရမည်။ သို့မှသာ ပွဲလာပရိတ်သတ် ဝါသနာရှင်များ အနေနှင့် လဲ ဝိတ်တန်းနိမ့်လက်ဝှေ့မောင်များကိုလေးစားမှူ၊ အထင်ကြီးမှူရှိမည် ဖြစ်သည်။ ဥပမာ- တွေ့မရှောင်၊ သားသား တို့အား စောငမန်း၊ လုံးချောတို့နှင့် နှိုင်းယှဉ်ပြီး မဝေဖန်သင့် ၊ တချို့က စောငမန်း - တွေ့မရှောင်ပွဲကို ကြည့်၍ စောငမန်းအား တော်သည် ၊ ခွန်အား သာသည် ၊ ပညာသာသည် ၊ တွေမရှောင်ကား ဤပွဲတွင် စောငမန်း၏ သဲအိတ်ပမာတည်း ဟူသော ဝေဖန်သံများကြားရ၏။

ဤသို့ဝေဖန်ရခြင်းမှာ ထိုသူတို့အနေဖြင့် ကမ္ဘာ့တိုက်ခိုက်ရေး အားကစားနည်း များနှင့်အလွန် စိမ်းနေ၍ဖြစ်သည်။

ကမ္ဘာ့တိုက်ခိုက်ရေးပွဲများနှင့် မစိမ်းသူဖြစ်က စောငမန်း - တွေ့မရှောင်ပွဲ ကိုကြည့်၍ ပထမဆုံး ပွဲစီစဉ်သူကို ကျိန်ဆဲမည် ( လတ်ဝှေ့မှလွဲ၍ ယနေ့ခေတ်တွင် ကမ္ဘာ့တိုက်ခိုက်ရေး အားကစားနည်း အားလုံးလိုလို ဝိတ်တန်းတူမှ ထိုးသတ်စေသည်) ၊ စောငမန်းအား မိမိထက် ဝိတ်တန်းများစွာ ငယ်သော တွေ့မရှောင် ကို နိုင်အောင်မထိုးသတ်နိုင်၍ အကြီးအကျယ်ဝေဖန် အပြစ်တင်မည် ( စောငမန်းသည် တွေ့မရှောင်ထက် တစ်ဆယ် ကီလိုဂရမ် ခန့်ဝိတ်တန်းသာပြီး ခြေလက်တို့တုတ်ခိုင်သန်မာသူဖြစ်၏) ၊ တွေ့မရှောင်အား အလွန်လေးစားအထင်ကြီးမိမည် ( မိမိထက် ဝိတ်တန်း ၊ ခွန်အား အစစ အရာရာသာလွန်သူ တဦးကို ထိုးသတ်ရဲသော သတ္တိသည် လက်ဝှေ့သမားတိုင်းရှိရန် မလွယ် ၊ လက်ဝှေ့သည် စည်းစနစ်တကျ ထိုးသတ်ယှဉ်ပြိုင်ရသော အားကစားဖြစ်၏၊

လမ်းထဲတွင် ရန်ဖြစ်သလို ထိုးသတ်၍မရ ) ၊ တွေ့ မရှောင်သာ စောငမန်း နှင့်လူကောင်တူ ဝိတ်တန်းတူ ပါက စောငမန်း ချောင်မည်မဟုတ် ဟုလည်း ဆင်ခြင်မိမည်ဖြစ်သည်။

မြန်မာ့လက်ဝှေ့ တွင် ဝိတ်တန်းအလိုက် ချန်ပီရန် ခါးပတ်များ ချီးမြမြောက်မြှောက်စားရန် လိုပေသည်။

မြန်မာပြည် ချန်ပီယံဘွဲ့ကိုလဲ သက်ဆိုင်ရာ ဝိတ်တန်းအလိုက် သတ်မှတ်ပေးရမည်သာ ဖြစ်သည်။ (တဦးတယောက်ထဲကို ဝိတ်တန်းမြင့် ရုံ ၊ မိမိထက် ဝိတ်တန်း ငယ်သူများကို ထိုးသတ် နိုင်ရုံမျှဖြင့်
မြန်မာနိုင်ငံမှ လွဲ၍ မည်သည့် နိုင်ငံတွင်မှ မိမိတို့ တနိုင်ငံလုံး၏ ဘုံချန်ပီယံ ဟု သတ်မှတ်လေ့မရှိ)။

BUAKAW ဘောက်ခေါသည် ထိုင်းနိုင်ငံမှ ၇၂ကီလိုအတန်း မွေထိုင်းချန်ပီယံဖြစ်၏။  ၇၂ ကီလိုအတန်း PRIDE နှင့် MUAY THAI MAX ကမ္ဘာ့ မွေထိုင်းချန်ပီယံလဲဖြစ်၏။ ဆိုလိုသည်မှာ သူသည်သူ့ဝိတ်တန်းတွင် ချန်ပီယံဖြစ်၏။

ထိုင်းနိုင်ငံတွင် သူ့အပြင် တခြားဝိတ်တန်းများအလိုက် ချန်ပီယံများစွာရှိကြ၏။

သို့သော်သူသည် ထိုင်းတနိုင်ငံလုံး၏ ဘုံချန်ပီယံမဟုတ် ၊ သူ၏ဝိတ်တန်းတွင်သာချန်ပီယံ ဖြစ်၏။ ကျွန်ုပ်တို့ မြန်မာပြည်တွင်လည်း စောငမန်းတယောက်ထဲကို မြန်မာပြည်ချန်ပီယံဟု သတ်မှတ်မည့် အစား - ၇၀ - ၇၅ ကီလိုတန်း မြန်မာပြည်ချန်ပီယံ စောငမန်း ၊ ၆၃-၆၅ ကီလိုတန်း မြန်မာပြည် ချန်ပီယံ တွေ့မရှောင် ၊ ၅၈ - ၆၂ ကီလိုတန်း မြန်မာပြည်ချန်ပီယံ သားသား အစရှိသည်ဖြင့် ဆိုင်ရာဝိတ်တန်းအလိုက် ချီးမြှင့်မြှောက်စား မှူများပြုမှသာ ကျွန်ုပ် တို့ ရိုးရာ အားကစားကို စိတ်ဝင်စားသူ လက်ဝှေ့သတ်ချင်သူများလာမည် ၊ ကျွန်ုပ်တို့ကိုယ်တိုင် ပို၍လေးစားအထင်ကြီး လာမည် ၊ နိုင်ငံတကာ စံနှုန်းနှင့်ရင်ပေါင်တန်း နိုင်မည် ၊ လက်ဝှေ့မောင်များ အတွက်တရားမျှတမှူရှိသဖြင့် ပိုမိုကြိုးစား ၍ သတ်လုံးသတ်ကွက် ပညာစုံ ပြီး ကမ္ဘာ့အဆင့်မီအားကစားသမားများဖြစ်လာမည်၊ သို့မှသာ ဤအားကစား ပိုမိုတိုးတက်ပြီး အဓွန့်ရှည် တည်တံ့မည်ဖြစ်တော့သည်။ ___လိုင်ဂါပိုင်

0 မှတ်ချက်များ for "မြန်မာ့လက်ဝှေ့မှာ ပထမတန်း၊ ဒုတိယတန်း သတ်မှတ်ပုံ လိုအပ်ချက်တွေရှိနေ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++