ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များ ဒီဇင်ဘာ တွင် ပြန်ခေါ်မည်
ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းများတွင်
ရောက်ရှိနေသော မြန်မာနိုင်ငံ သားများကို ဒီဇင်ဘာလအ တွင်း ပြည်တွင်းသို့ ပြန်လည်
ခေါ်ဆောင် သွားရန် အစီအစဉ်ရှိကြောင်း သီတဂူအထောက်အကူပြုအဖွဲ့ အာရှတော်ဝင်
ဆေးရုံ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမြတ်သူ က ပြောသည်။
ရောက်ရှိနေသော မြန်မာနိုင်ငံ သားများကို ဒီဇင်ဘာလအ တွင်း ပြည်တွင်းသို့ ပြန်လည်
ခေါ်ဆောင် သွားရန် အစီအစဉ်ရှိကြောင်း သီတဂူအထောက်အကူပြုအဖွဲ့ အာရှတော်ဝင်
ဆေးရုံ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမြတ်သူ က ပြောသည်။
''ထိုင်းနယ်စပ်ဘက်က
camp တွေကို ဆက်သွယ်ဖို့ အစီအစဉ်လည်း ရှိတယ်။ အဲဒီမှာလည်း camp တွေက
အများကြီး။ အဲဒီက မြန်မာနိုင်ငံသားတွေ သူတို့ရဲ့ ဆန္ဒပဲ။ ပြန်ချင်တယ်ဆို ရင်
ခေါ်ထုတ်မယ်။ မပြန်ချင်ဘူးဆိုတဲ့ လူအတွက်တော့ မတတ်နိုင်ဘူး'' ဟု
ဒေါက်တာမြတ်သူက ပြောသည်။
သီတဂူဆရာတော်ကြီး၏ မိန့် ကြားချက်အရ
သီတဂူအထောက်အကူ ပြုအဖွဲ့မှာ လက်ရှိတွင် မလေးရှားနိုင်ငံ မှ
ဒုက္ခသည်စခန်းများရှိ မြန်မာနိုင်ငံ သားများကိုလည်း ပြည်တွင်းသို့ ပြန်
ဝင်ရန် ဆန္ဒရှိသူများအား အခမဲ့အစီ အစဉ်ဖြင့် MAI လေကြောင်းနှင့်
ကမ္ဘောဇဘဏ်လီမိတက်တို့ ပူးပေါင်း ၍ ပို့ဆောင်ပေးကြောင်း၊ ကမ္ဘောဇ
ဘဏ်လီမိတက်တို့နှင့် ပူးပေါင်း၍ ပို့ ဆောင်ပေးနေခြင်းမှာလည်း ၇ကြိမ်
မြောက်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံသား ၁၂ဝဝ ကျော်ကို မြန်မာနိုင်ငံသို့
ခေါ် ယူပေးပြီးဖြစ်သည်။
အဆိုပါ ဒုက္ခသည်စခန်းများ မှ
မြန်မာလုပ်သားများ ကို ပြန်လည်ခေါ် ဆောင်ရန်ရက်အတိအကျမှာ သီတဂူ ဆရာတော်ကြီး၏
မိန့်ကြားမှုပေါ်မှာ မူ တည်၍ စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊
ဒုက္ခသည်စခန်းမှ ပြန် လာချင်သူများကို သံရုံးမှ တာဝန်ပေး ထားသူများမှတစ်ဆင့်
ဆက်သွယ်၍ လူဦးရေ ၁၅ဝ ပြည့်လျှင် တစ်ခေါက် ပြန်လည်ခေါ်ယူသွားမည်ဟု ဒေါက် တာ
မြတ်သူက ပြောသည်။
''ပြန်ချင်တယ်ဆိုရင်တော့ ကုန် ကျစရိတ်တစ်ပြားမှ
မရှိစေရဘူး။ ခုလူ တွေလည်းမေးကြည့် တစ်ပြားမှ မကုန် ကျစေခဲ့ဘူး'' ဟု
၎င်းကဆိုသည်။
လက်ရှိ မလေးရှားရှိ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသားများကို
ပြည်တွင်းသို့ ပြန်လည်ခေါ်ယူရာတွင် လည်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်
ရောက်လိုသူနှင့် ဒုက္ခသည်ကတ်ကို စောင့်ဆိုင်း၍ တတိယနိုင်ငံသို့ ဆက်
လက်ထွက်ခွာမည့်သူဟူ၍ အဖွဲ့နှစ်ဖွဲ့ ကွဲပြားလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင် ရောက်လိုသူ နိုင်ငံသားများကို သံရုံး
အကူအညီဖြင့် နိုင်ငံ သားဖြစ်ကြောင်း ထောက်ခံချက်ဖြင့် ပြန်လည်ခေါ်ဆောင်
ပေးလျက် ရှိကြောင်း သိရသည်။
''မြန်မာနိုင်ငံသား ဖြစ်ရင်ပြီး တာပဲ။
တခြားဘာသာရေး ခွဲခြားထား တာတို့ ဘာတို့ မရှိဘူး''ဟု ဒေါက် တာ မြတ်သူက
ပြောသည်။
လက်ရှိတွင် မလေးရှားရှိ ဒုက္ခသည်စခန်းများမှ ပြန်ရောက် လာသူ
မြန်မာနိုင်ငံသားများကို နောက် ၅ နှစ် တာ ကာလအထိ ၎င်းနိုင်ငံတွင်းသို့
ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင် ခွင့် မပြုကြောင်း သိရသည်။__ခိုင်နွယ်ဦး (ပေါ်ပြူလာ ဂျာနယ်)
0 မှတ်ချက်များ for "ထိုင်းနယ်စပ်ရှိ ဒုက္ခသည်များ ဒီဇင်ဘာ တွင် ပြန်ခေါ်မည် "