လူမျိုးစုတွေအပေါ် အစိုးရ သဘောထား မရိုးသားဟု UNFC ပြော
တိုင်းရင်းလူမျိုးစုတပ်ဖွဲတွေအနေနဲ့ စခန်းသစ် မဆောက်ဖို့၊ တပ်သားသစ်
မစုဆောင်းဖို့၊ တပ်ဖွဲ့ ၀င်စာရင်း၊
လက်နက် စာရင်းတွေ ပေးရမယ် ဆိုတဲ့ အစိုးရ သဘောထား မရိုးသားဘူးလို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ပြောဆိုလိုက်သည်။
အစိုးရပိုင်းမှာ အစိုးရနဲ့ တပ်မတော်က အမြင်မတူတာ၊ အစိုးရထဲမှာ လွှတ်တော်ထဲမှာ တချို့ကတော့ ကျနော် တို့ကို တန်းတူဆွေးနွေးဖို့ဆိုတဲ့ သဘောထား မရှိဘူး။ အပေါ်စီးက ယူချင်တယ်။ အဲဒီ စိတ်ဓာတ် အခြေခံကို က မပြောင်းလဲသမျှကတော့ တွေ့ဆုံဆွေးနွေးရေးက ကြာနေဦးမယ်လို့ ဒီလိုထင်တယ်” UNFC အထွေထွေ အတွင်းရေးမှူးလည်းဖြစ် မွန်ပြည်သစ် ပါတီ ဒုဥက္ကဋ္ဌ လည်းဖြစ်တဲ့ နိုင်ဟံသာ က ပြောြ ကား သည်။
အစိုးဘက်က တိုတင်ပြလာသောမူကြမ်း အချက်များထဲမှာ ပြည်နယ်နှင့်
ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးစဉ်က မပါဝင်ခဲ့တဲ့
အချက်များပါလာသည်ကို လက်မခံနိုင်ကြောင်းလည်း သူက ဆက်ပြောသည်။
နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ရေး အစိုးရနှင့် MPC တို့က ကြိုးပမ်းနေကြသော်လည်း ယခု
နှစ်ကုန်သည်အထိ တနိုင်ငံလုံးအတိုင်းအတာနှင့် လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ရန် မဖြစ်နိုင်သေးကြောင်း သုံးသပ်သူများက ပြော ဆိုသည်။
နှစ်ကုန်သည်အထိ တနိုင်ငံလုံးအတိုင်းအတာနှင့် လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ရန် မဖြစ်နိုင်သေးကြောင်း သုံးသပ်သူများက ပြော ဆိုသည်။
သူတို့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တာကို ကမ္ဘာကို ပြနိုင်ရင် နိုင်ငံခြားက ကူညီမှုတွေ ပိုရမယ်ဆိုတဲ့ သဘောထား မျိုးနဲ့သွားနေတဲ့ ပုံပေါ်တယ်။ တကယ့်နားလည်မှု အခိုင်အမာမရှိသေးဘဲနဲ့ လိုအပ်ရင် ဆွေးနွေးလိုက်တာနဲ့ ရသလောက်ကို လက်မှတ်ထိုးပါဆိုတဲ့ ပုံစံတွေက များနေတယ်။ သဘောကတော့ Just For Show ပေါ့ဗျာ။ အဲဒီ့ ပုံစံတွေက များနေတယ် ဟု နိုင်ဟံသာက ပြောသည်။
အစိုးရဘက်ကတော့ တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး မှသာ နိုင်ငံရေး ဆွေးနွေးပွဲများကို လုပ်ဆောင်လိုကြောင်း ပြောကြားထားသော်လည်း တိုင်းရင်းသား အဖွဲ့များကမူ နိုင်ငံရေး အာမခံချက် တစုံတရာ ရရှိပြီးမှသာ တနိုင်ငံလုံးအတိုင်းအတာဆောင်သော အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွင် ပါဝင်နိုင်မည်ဟု ပြောဆိုနေကြသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ UNFC ကိုယ်စားလှယ် ၃ ဦးတို့သည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ခေါင်းဆောင်များ၊ အခြားသော နိုင်ငံရေး နယ်ပယ်က လူတချို့ နှင့် တွေ့ဆုံ ဖြစ်ခဲ့သည်။
0 မှတ်ချက်များ for "လူမျိုးစုတွေအပေါ် အစိုးရ သဘောထား မရိုးသားဟု UNFC ပြော"