မက်ဆီ က အင်္ဂလန် ပရီးမီးယားလိဂ် စတားနှစ်ဦးကို ချီးကျူး
ဥရောပ ရွှေဖိနပ်ဆုကို ရရှိထားသော ဘာစီလိုနာ စတား မက်ဆီက ပရီးမီးယားလိဂ်၏ စတား ပလေယာ နှစ်ဦး ဖြစ်သော ဗန်ပါစီနှင့် အိုဇေးတို့ကို ချီးကျူးမှုများ ပြုလုပ်သွားခဲ့သည်။
မက်ဆီက ရုပ်သံလိုင်းမှတစ်ဆင့် ပရီးမီးယားလိဂ် ပွဲစဉ်များကို ကြည့်ရှုရာတွင် ဗန်ပါစီနှင့် အိုဇေးတို့၏ ပွဲစဉ်များကို ကြည့်ဖြစ်ကြောင်း၊ ထိုသို့ ကြည့်ရှုရသည်ကို လွန်စွာနှစ်သက်ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ မက်ဆီက - "အိုဇေးဟာ ဂျာမနီရဲ့ ပြိုင်ဘက်ကင်း စတားပါ၊ တကယ့်ကို ထိပ်တန်း ကစားသမား တစ်ယောက်ပါ၊ သူ့ရဲ့ ဖန်တီးမှုတွေက မယုံနိုင်လောက်အောင် အံ့သြဖို့ကောင်းပါတယ်" ဟု ချီးကျူးသွားခဲ့သည်။
မန်ယူနိုက်တက် တိုက်စစ်မှုး ဗန်ပါစီနှင့် ပတ်သက်ပြီး မက်ဆီက - "ဗန်ပါစီဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှုး မျိုးပါ၊ ပြီးတော့ ဂိုးပေါင်းများစွာ သွင်းယူနိုင်တဲ့ တိုက်စစ်မှုးတွေထဲက တစ်ယောက်ပါ" ဟု ချီးကျူးသွားခဲ့သည်။___ အောင်ဇော်လတ်(မိုးနဲ) / football-cafe
0 မှတ်ချက်များ for "မက်ဆီ က အင်္ဂလန် ပရီးမီးယားလိဂ် စတားနှစ်ဦးကို ချီးကျူး "