အလုပ်ခေါ်စာမရှိဘဲ လုပ်သားများ မစုဆောင်းရန် ဝန်ကြီးဌာန သတိပေး

အလုပ်ခေါ်စာမရှိဘဲ လုပ်သားမစုဆောင်းရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက
ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီများကို ဇူလိုင်လ ၁၃ ရက်နေ့မှာ တွေ့ဆုံ ပြောကြားသည်။

အလုပ်ခေါ်စာမရှိဘဲ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရမည်ဟုဆိုကာ အလုပ်သမားများကို စုဆောင်းထားသဖြင့် မြန်မာလုပ်သား ၄၅၀၀
ကျော် မြဝတီမြို့မှာ သောင်တင်နေသည်ဟု ဆိုသည်။

အလုပ်ခေါ်စာ (Calling Visa)မရှိဘဲ အလုပ်သမားများ လနှင့်ချီ စုပုံနေကြသဖြင့် အလုပ်ခေါ်စာ ရရှိမှသာ လုပ်သားများကို နယ်စပ်မြို့များသို့ ခေါ်ဆောင်ကာ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခွင့်ရရေးဆောင်ရွက်ရန် လိုအပ်ကြောင်း ဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

လုပ်သားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာမှာ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလုပ်သမားကတ်များ လုပ်သားများ၏လက်ဝယ်တွင် ကိုင်ဆောင်ခွင့်ရရှိအောင် လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း၊ တရားဝင် အထောက်အထားများကို အလုပ်ရှင်က သိမ်းဆည်းခြင်းကို လုပ်သားအများစု ခံနေရကြောင်း အေဂျင့်တွေ က ပြောသည်။

လုပ်သားများ ထိုင်းနိုင်ငံသို့ စေလွှတ်ရာတွင် ကြားပွဲစားများအပြင် တရားမဝင်ကိစ္စများ မပေါ်ပေါက်ရေး အတွက် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို မြဝတီမြို့အစား ကရင်ပြည်နယ်ဘားအံတွင် ဖွင့်လှစ်ရန် လျာထားကြောင်း သိရှိရသည်။

လုပ်သားများကို မြဝတီ၊ ကော့သောင်း၊ တာချီလိတ် မြို့ သုံးမြို့တို့ရှိ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေး
ရေးရုံးများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်လုပ်ကိုင်ခွင့်ပြုထားသည်။ 

0 မှတ်ချက်များ for "အလုပ်ခေါ်စာမရှိဘဲ လုပ်သားများ မစုဆောင်းရန် ဝန်ကြီးဌာန သတိပေး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++