ရသမျိုးစုံပေးမည့် ကယန်းတော်လှန်ရေးဖြစ်ရမှန် ဗွီဒီယိုဇာတ်ကား ရိုက်ကူးနေ

ကယန်းတော်လှန်ရေး ဇာတ်ကားမှ သရုပ်ဆောင်သူများ။ ဓါတ်ပုံ- ဂျွန်ဘောစကို
ကယန်းပြည်သစ်တပ်မတော် နှစ် (၅၀)ပြည့် အထိမ်းအမှတ်အတွက် ကယန်းတော်လှန်ရေး ဗွီဒီယို ဇာတ်ကားကို ကယန်းဒါရိုက်တာ ခူးဆွဲယု ဦးဆောင်ပြီး ကင်မရာမင်း ဂျွန်ဘောစကို (ပီးယို့) တို့က ရှိုက်ကူးနေကြောင်း သိရပါတယ်။

ကယန်းပြည်သစ်တပ်မတော် အပစ်အခတ်ရပ်စဲ
ရေး မလုပ်သေးတဲ့ကာတုန်းက ရသမျိုးစုံရှိတဲ့ ဗိုလ်အိုင့်နော်ထားရဲ့ ကိုယ့်တွေ့ ဖြစ်ရမှန်အကြောင်းကို အခြေခံတဲ့ ဗွီဒီယို ဇာတ်ကားတခုပါ။ ကယန်းပြည် သစ်တပ်မတော်ဖြစ်ပေါ်လာမှု နှစ် (၅၀) ပြည့်တော့မယ်ဖြစ်တဲ့အတွက် ကယန်းတော်လှန်ရေး လှုပ်ရှားမှုကို ဂုဏ်ပြုချင်တာနဲ့ ဒီလိုဖြစ်ရမှန် ဇာတ်လမ်းမျိုးကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ကယန်းဒါရိုက်တာ ခူးဆွဲယုက ကယန်းတိုင်းစ် ပြောပါတယ်။

ဇာတ်ကားထဲမှာ ကယန်းမင်းသား ခူးမာတီယားနှင့် ကယန်းအလှ ရုပ်ရှင်းထဲက ကယန်းမင်းသမီး မူမေရီ တို့နှင့်အတူ သရုပ်ဆောင် ၀ါသနာရှင်ဖယ်ခုံကယန်းလူငယ်များ ပါဝင်သရုပ်ဆောင်တယ်လို့ သိရပါတယ်။

ဇာတ်လမ်းရဲ့အနစ်ချုပ်က စစ်အာဏာရှင်တွေရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကို မခံမရတော့တဲ့အဆုံးမှာ သာမာန်တောင်သူလယ်သမား ဘ၀ကနေ တော်လှန်ရေးဘ၀သို့ ပြောင်းသွားတယ်။ တော်လှန်ရေး ရဲဘော်/ရဲမေတို့ ၂ ဦးတို့က တိုးတိုးတိတ်တိတ်နဲ့ ချစ်ကြ၊ ပေါက်ကွဲကြ၊ ခံစားကြတယ်။ ခက်ခဲကြမ်းတမ်း တဲ့ တော်လှန်ရေးကာလမှာဘဲ ၎င်းတို့ ၂ ဦးက သစ္စာရှိတဲ့ မိသားစုတခုကို ဖန်တီးနိုင်ခဲ့သလို မပြီးဆုံးသေး တဲ့ တော်လှန်ရေးကိုလဲ ဆက်လက်ပါဝင်နေသေးတယ် ဆိုတဲ့အကြောင်းပေါ့။ ဇာတ်ညွန်းက ကာယကံရှင် ဗိုလ်အိုင့်နော်ထား ကိုယ်တိုင်ရေးတယ်လို့ ကင်မရာမင်း ဂျွန်ဘောစကို(ပီယို့)က ကယန်းတိုင်းစ် ကို ပြောပါတယ်။

ရိုက်ကွင်းတွေကို ဇာတ်လမ်းရဲ့ ဖြစ်ခဲ့တဲ့ နေရာတွေအထိ သွားရိုက်ပါတယ်။ မိုးရာသီမှာ လမ်းပမ်း ဆက်သွယ်ရေး အခက်ခဲကြောင့် ခေတ္တ နားထားပါတယ်။ ရိုက်တာ ဇာတ်လမ်းတ၀က်တောင် မချိုးသေးပါဘူး။ မိုးရာသီ အကုန်မှာ ဆက်လက် ရိုက်သွားမှာဖြစ်ပါတယ်။ လာမည့် ၂၀၁၄ ခုနှစ်ထဲမှ အဲခွေကို ဖြန့်ချိနိုင်လိမ့်မယ်လို့ မျော်လင့်တယ်လို့ ကင်မရာမင်း ဂျွန်ဘောစကို(ပီးယို့) ထံမှ သိရပါတယ်။
ရိုက်ကွင်း အချို့






0 မှတ်ချက်များ for "ရသမျိုးစုံပေးမည့် ကယန်းတော်လှန်ရေးဖြစ်ရမှန် ဗွီဒီယိုဇာတ်ကား ရိုက်ကူးနေ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++