ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ရုရှား၌ အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှုပြုလုပ်

၁၉၉၁ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီး
နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု အဖြစ် တပ်ဖွဲ့ဝင် ၁၆ဝဝဝဝ ခန့်တို့က ဇူလိုင် ၁၃ ရက်နံနက်မှ စတင်ကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွိုင်ဂူက ပြောကြားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တင့်ကားနှင့် တိုက်ခိုက်
ရေး မော်တော်ယာဉ်များ အစီးရေ ၁ဝဝဝ ခန့်နှင့် တိုက်လေယာဉ်အစင်း ၁၃ဝ အပြင် ရေတပ် စစ်သင်္ဘော ၇ဝ လည်း ပါဝင်ကြောင်း ၄င်းက ပြောကြားသည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။ 

ထို့အတူ သယ်ယူပို့ဆောင်ရေး ထောက်ပံ့တပ်ဖွဲ့များကလည်း ရထား၊ ရေ ကြောင်းနှင့် လေကြောင်းတို့မှ ကီလိုမီတာ ၃ဝဝဝ ခန့် အကွာအဝေးအထိ လေ့ကျင့်မှုများ ပြုလုပ်ရန်လည်း စီစဉ်ထားသည်။ ယခု စစ်ရေးလေ့ကျင့်မှုသည် အခြားမည်သည့်နိုင်ငံကိုမျှ ရည်ရွယ်ခြင်းမရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ 

ယခု စစ်ရေးလေ့ကျင့်မှုကို ရုရှားသမ္မတပူတင်က ဇူလိုင် ၁၂ ရက်က အမိန့်ချခဲ့ခြင်းဖြစ်သည်။ ထိုသို့ စစ်ရေး
လေ့ကျင့်မှုကို ရုရှားအရှေ့ပိုင်း စစ်နယ်မြေအတွင်း ဇူလိုင် ၁၃ ရက် နံနက်က စတင်လေ့ကျင့်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပစိဖိတ်သမုဒ္ဒရာ ရေတပ်၊ လေတပ်နှင့် ထောက်ပံ့တပ်များအပြင် ရုရှားအလယ်ပိုင်း တပ်ဖွဲ့များလည်း ပါဝင်သည်။ 

ယခု စစ်ရေးလေ့ကျင့်မှုသည် သီတင်းတစ်ပတ်ခန့် ကြာမြင့်မည်ဟု ရုရှားစစ်ဘက်က ပြောကြားသည်။

0 မှတ်ချက်များ for "ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ရုရှား၌ အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှုပြုလုပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++