အီရန်နျူကလီးယား အရေး အမေရိကန် တိုက်ရိုက်ဆွေးနွေးလို

အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး ရွေးချယ် ခံထားရသည့် အီရန်သမ္မတ ဟာဆန်ရူဟာနီနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် စီစဉ်နိုင်ရေး အမေရိကန်က ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ အီရန်သမ္မတသစ်
ဖြစ်လာသည့် ဟာဆန်ရူဟာနီသည် နျူကလီးယား အစီ အစဉ်အပေါ် အပြုသဘောဆောင်သော တုံ့ပြန်မှုများ ပြသ ခဲ့၍ဖြစ်ကြောင်း ဝေါစ ထရိတ်ဂျာနယ်တွင် ဖော်ပြထားသည် ဟု ဆင်ဟွာ သတင်း၌ ဇူလိုင် ၁၄ ရက်က ဖော်ပြသည်။ 

အီရန်နိုင်ငံသည် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် နီးနီး ကပ်ကပ်
ဆွေးနွေးဆောင်ရွက်မှုများ ပြုလုပ်သွားရန် စိတ်ဝင်စားကြောင်း ရွေးချယ်ခံထားရသည့် အီရန်သမ္မတ ဟာဆန်ရူဟာနီ မကြာမီက ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထို့ကြောင့် အမေရိကန်တို့ကလာမည့် သီတင်းပတ်များအတွင်း တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် ဆန္ဒ ရှိကြောင်း၊ အီရန်သမ္မတ ဟာဆန်ရူဟာနီအား ဆက်သွယ် အကြောင်းကြားရန် ဝါရှင်တန်က ပြင်ဆင် စီစဉ်နေကြောင်း အမေရိကန် ထိပ်တန်းအရာရှိများက ပြောကြားသည်။ 

ထိုသို့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရေးအတွက် အမေရိကန် ထိပ်တန်းအရာရှိများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် အခြားလေးနိုင်ငံအပြင် ဂျာမနီနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် မကြာမီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

0 မှတ်ချက်များ for "အီရန်နျူကလီးယား အရေး အမေရိကန် တိုက်ရိုက်ဆွေးနွေးလို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++