နိုင်ငံခြားနှင့် ချိတ်ဆက်၍ ရန်ကုန် အဝေးသင် တက္ကသိုလ် Website ထုတ်လွှင့်မည်
ရန်ကုန်အဝေးသင် တက္ကသိုလ်က နိုင်ငံတကာ အဝေးသင်တက္ကသိုလ်၊ စာကြည့်တိုက်များနှင့် ချိတ် ဆက်ရန် လာမည့် ဧပြီလတွင် အင်္ဂလိပ်ဘာသာနှင့် Website ထုတ်လွှင့်မည်ဖြစ်ကြောင်း အဆိုပါ တက္က သိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင်က ပြော ကြားသည်။
အဆိုပါ Website တွင် နိုင်ငံတကာနှင့် ချိတ်ဆက်မှု များ အတွက်သာမက စာပေးစာယူ ကျောင်းသားများ အတွက်လည်း ဘာသာရပ်သင်ခန်းစာများကို နေ့စဉ် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
လက်ရှိ စာပေးစာယူ ကျောင်းသားများအတွက် ဘာသာရပ် တစ်ခုစီအလိုက် ပြဌာန်းစာအုပ်၊ လေ့လာမှု လမ်းညွှန်စာအုပ်၊ အိမ်စာ (Assignment) ဖြေဆိုနည်း လမ်းညွှန်၊ အခြားအသံနှင့် ပို့ချချက်၊ ဗီဒီယို ပို့ချချက် စီဒီများနှင့် သင်ကြားလျက်ရှိသည်။
“Website တင်မယ်ဆိုရင် စာတွေချည်းပဲ တင်တာမဟုတ်ဘဲ မေးခွန်းပုံစံလေးတွေ၊ သင်ခန်းစာ မှတ်စု တိုတွေ၊ ကျောင်းရဲ့ ကြေညာချက်တွေလည်း ပါဖို့လိုတယ်။ နောက်ပြီး ကိုယ့်ကျောင်းဆရာမတွေနဲ့ တိုက် ရိုက် ထိတွေ့လို့ရအောင် လုပ်ပေးရင် ပိုကောင်းမယ်” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် တတိယနှစ် ဝိဇ္ဇာအထူးပြု ကျောင်းသား ကိုဟိန်းထက်အောင်က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်နှင့်မန္တလေး အဝေးသင်တက္ကသိုလ် နှစ်ခုက ကျောင်းသား၊ ကျောင်းသူ နှစ်စဉ် ငါးသောင်းဝန်းကျင် လက်ခံသင်ကြာပေးလျက်ရှိပြီး ၁၉၉၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ဘွဲ့ရကျောင်း သားကျောင်းသူ အရေအတွက် တစ်သန်းကျော် မွေးထုတ်ပေးပြီးကြောင်း ဒေါက်တာ လှတင်က ပြောကြား ခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
0 မှတ်ချက်များ for "နိုင်ငံခြားနှင့် ချိတ်ဆက်၍ ရန်ကုန် အဝေးသင် တက္ကသိုလ် Website ထုတ်လွှင့်မည်"