သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို မရောက်နိုင်သေး တဲ့အခါမှာ ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ၊ ရုန်းရင်း ဆန်ခတ်မှုတွေ၊ သွေးချောင်းစီးမယ့် ကိစ္စတွေကို ထပ်ပြီးတော့ ကြိုးစားနေမှာပဲ။ # မင်းကိုနိုင်
>> မိတ္ထီလာမြို့မှာ အခြေအနေတွေငြိမ်သက်သွားပြီး တဲ့နောက် ပိုင်းပေါ့လေ
ပျဉ်းမနားတဝိုက်က ရမည်းသင်းတို့ နောက်ပဲခူးက အုတ်တွင်းတို့ သာယာဝတီ
စစ်ကွင်း စတဲ့ဒေသတွေမှာ ရုပ်ရုပ် သဲသဲတွေဖြစ်လာတာတွေ့ ရပါတယ်။ ဦးမင်းကိုနိုင်တို့ရော ဒီ အခြေ အနေတွေကို ဘယ်လိုတွေများ လေ့လာအကဲဖြတ် မိပါသလဲခင်ဗျ။
အော်ကျွန်တော်နောက်ဆုံးပေါ့ ဗျာ စစ်ကွင်းက ဒေသခံတွေပြော ကြားချက်တွေရော ကျွန်တော်ရောက်ခဲ့တဲ့ မိတ္ထီလာရောပေါ့
နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ့  အတွေ့အကြုံရောပေါ့ အကုန်လုံးကိုသုံးသပ်လိုက်တော့
တူညီတဲ့ အချက်တွေ အများကြီးတွေ့နေရတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေ မပါဘဲနဲ့
ဒေသခံပြည်သူတွေက စိုးရိမ်ကြောင့်ကြစွာနဲ့ ဒီကိစ္စတွေရဲ့ မျက်မြင်သက်သေတွေ
ဖြစ်နေတာက များတယ်။ တော်တော်များများက အစီအစဉ်တကျ ဝင်လာတာတွေများတယ်ဗျ။ ဒါက
အကုန်သိထားပြီးတဲ့အတိုင်းပါ ပဲ မီးတွေပျက်သွားတယ်၊ တယ်လီဖုန်းလိုင်းတွေပျက်သွားတယ်၊
ဝင်လာကြတယ်၊ ဒါပေမဲ့ ပြီးတဲ့အခါကျတော့ ခရာတွေ မှုတ်ပြီးတော့ သူတို့
တိုက်ခိုက်ရေးသမားတွေ ပုံစံနဲ့ပေါ့ဗျာ အဲဒီမှာ ဖျက်စီးတာတွေရှိတယ်။
အဲဒါတွေအကုန်လုံးကြည့်လိုက် တဲ့အခါကျတော့
မျက်နှာစိမ်းတွေက ဝင်လာပြီးတော့ တချို့နေရာတွေမှာ မိတ္ထီလာဆိုပါတော့ဗျာ
ဘယ်ဘာသာပဲဖြစ်ဖြစ် သူတို့ဖျက်ပစ်တာပဲ အိမ်တွေကို။ အဲဒီတော့ ဒါက
ဘာသာရေးအရဖြစ်နေ တာမဟုတ်ဘူးဆိုတာ
ထင်ရှားနေပြီ။ လူမျိုးရေးအရလည်း မဟုတ်ဘူးဗျ။ ဒီ.. လူတွေဟာ ခိုကိုးရာမဲ့
ဆောက်တည်ရာမဲ့သွားပြီးတော့ နောက်ထပ်ကယ်တင်ရှင် တစ်ခုခုကို မျှော်ရတဲ့
အနေအထားမျိုး ရောက်သွားအောင် လုပ်တယ်ဆိုတာမျိုးတော့ အဖြစ်ခံလို့မရဘူး။
ဒါကျွန်တော် တို့ပြည်သူတွေက ကျွန်တော်တို့အားလုံးပေါ့
ဝိုင်းပြီးတိုက်တွန်းကြတယ် ဘာသာရေးခေါင်းဆောင်
တွေရော နိုင်ငံရေးခေါင်းဆောင်တွေရော
ကျွန်တော်တို့ တိုင်းရေးပြည်ရေးအတွက် စိုးရိမ်ကြောင့်ကြတဲ့ လူတွေ
အကုန်လုံးက တိုက်တွန်းကြတဲ့အပေါ်မှာ ပြည်သူတွေက အရင်လောက် မအတဲ့အခါမှာ
သူတို့ထင်သလောက် မရဘူးပေါ့ဗျာ။ အဲဒီအခါကျတော့ ရန်ကုန်မြို့မှာတစ်ခါ
စာတွေကြဲ ပြီးတဲ့အခါကျတော့ ကျီးလန့်စာစားဖြစ်အောင်လုပ် ပေါ့ဗျာ။ ဒါတွေအကုန်လုံးဟာ အစီအစဉ်ရှိရှိနဲ့ ရည်ရွယ်ချက်ရှိရှိ ကောက်ကျစ် တဲ့လုပ်ငန်းပဲလို့
ကျွန်တော်မြင်တယ်ဗျာ။ အဲဒီတော့ အာဏာရေးပဲပြောပြော၊ သူတို့
ကစားကွက်တွေကြား ထဲမှာတော့ ကျွန်တော်တို့ပြည်သူတွေ ထောင်ချောက်ထဲမဝင်မိဖို့
အရေးကြီးဆုံးပေါ့။
>> ဘယ်လိုထောင်ချောက်မျိုးဖြစ် နိုင်မလဲခင်ဗျ။
အခု မျက်နှာစိမ်းဆိုတဲ့ ပုဂ္ဂိုလ်တွေက အခုလို အစီအစဉ်ကျကျ
လုပ်နိုင်တယ်ဆိုတော့ အာဏာပိုင်တွေနဲ့ တစ်နည်းတစ်ဖုံအားဖြင့်
ပတ်သတ်မှုရှိနိုင်တယ်လို့ ဆိုလိုတာလားခင်ဗျ။
ဒီလိုဗျ၊ အုပ်စုတွေက အများကြီးရှိကြတယ်ဗျ။ ဒီတော့ နံပါတ်တစ်က ကျွန်တော်တို့ ပြည်သူတွေကို အခုအစိုး ရအဖွဲ့ကနေ ပြောပြီလေ နောက်ကွယ်ကနေပြီးတော့ စနစ်တကျ ကြိုးကိုင်လှုပ်ရှားနေသူတွေရှိတယ်ဆိုတာ အဲဒီတော့ သူတို့ကိုဖော်ထုတ် အရေးယူပြဖို့ပဲလိုတယ်ဗျ။ အဲဒီတော့ ဘာမှ စိုးရိမ်လက်တွန့်နေဖို့မလို ဘူးဗျာ
ပြည်သူတွေကလည်း အဲဒါကိုမျှော်လင့်နေတာပဲ ဘယ်သူတွေ ကြိုးကိုင်ပြီးတော့
ဘယ်လိုလုပ်နေလဲ ဆိုတာကို ပြည်သူတွေသိပ်သိချင်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့
ဒါကအင်မတန် ထိခိုက်ရမယ့်ကိစ္စ ။ အဲဒီတော့ လက်ရှိအစိုးရအနေနဲ့ သက်သေအကောင်းဆုံးပြနိုင်လို့ ရှိရင် ဒီပွဲဟာ ဘယ်သူတွေဖျက်ခဲ့တယ် ဆိုတာ ပေါ် မှာပေှါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ကျွန်တော်တို့ စိုးရိမ်ကြောင့်ကြမှုအရှိဆုံးကတော့ အဲ့ဒီ ကိုယ့်မြို့ ကိုယ့်ရွာမှာ လုံခြုံအောင် ဝိုင်းထိန်းကြဖို့ပဲ။ လန့်ပြီးတော့ လက်ဦးမှုယူလိုက်တာမျိုးမဖြစ်ဖို့ အင်မ တန် အရေးကြီးပါတယ်။
>> ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ဒီကနေ့ နိုင်ငံရေးပါတီ ၃၀ လောက်နဲ့ တွေ့တဲ့ အချိန်မှာ ပြောတာရှိပါတယ်၊ နိုင်ငံရေးပါတီ တစ်ချို့ကလည်း ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ သူပြောသွားတယ်ပေါ့လေ။ ဆိုတော့ ဦးမင်းကိုနိုင်တို့ရော ဒီလိုမျိုး ဆက်စပ်တွေးယူလို့ရပါသလားခင် ဗျ။
ကျွန်တော်တို့က ဒီဟာကို နာမည်နဲ့တစ်ကွ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာမျိုးကို
ပြောဖို့တော့ ခက်ပါတယ်။ သို့သော် သေချာတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့
တစ်ခုတစ်ဖွဲ့ကတော့ အနည်းဆုံးဆုံးပေါ့ဗျာ၊ ဒါကို ကြိုတင်ပြင်ဆင်ပြီးတော့
လုပ်တာပဲ။ သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို မရောက်နိုင်သေးတဲ့အခါမှာ
ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ၊ သွေးချောင်းစီးမယ့်
ကိစ္စတွေကို ထပ်ပြီးတော့ ကြိုးစားနေမှာပဲ။ အဲဒီတော့ ကျွန်တော်တို့
ဒေသန္တရအုပ်ချုပ်ရေးတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဖို့ပဲ
အရေးကြီးတယ်ဗျ။ တစ်စုတစ်ဖွဲ့ထဲမရဘူးနော်၊ သိပ်သေချာတယ်။ အဲဒီတော့
နိုင်ငံရေး ပါတီတွေလည်းပါ၊ အရပ်ဖက်လူ့အဖွဲအစည်းတွေလည်း ပါ၊ အုပ်ချုပ်ရေးတွေလည်းပါ၊ ပြီးတဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေလည်းပါ၊
အဲဒီလို အကုန်လုံး လက်ချင်းချိတ်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာ ကာကွယ်ထား။
မဟုတ်ရင် သံသယတွေနဲ့ ကြီးထွားနေလို့ရှိရင် လန့်ပြီးတော့ လက်ဦးအောင်
လုပ်လိုက်မှာ မျိုး ကျွန်တော်သိပ်စိုးရိမ်တယ်။ နောက်မှ
မှားမှန်းသိတာမျိုးပေါ့ဗျာ။ အဲဒါကြေကွဲစရာကောင်း လိမ့်မယ်။
>> ကြိုတင်စီမံနိုင်တယ်။ ဥပမာ မီးဖြတ်တာအပါအဝင် စနစ်တကျလုပ်ဆောင်နိုင်တယ်ဆိုတော့ ဘာကြောင့် ဒီလို အလွယ်တကူလုပ်နိုင်ရတယ်လို့ေ ရာ ယူဆပါသလဲခင်ဗျ။
အင်းပေှါ့ဗျာ… ကျွန်တော်တို့ သာမန်ပြည်သူတွေ အနေနဲ့ကတော့ဗျာ ကိုယ့်စီးပွားကိုယ်ရှာပြီးေ တာ့
ကိုယ့် ဟာကို အေးအေးနေကြတာကိုး။ ဒီဟာတွေက ဘယ်ကတည်းက ဘယ်လောက်
ပြင်ဆင်ထားလဲဆိုတာ ကျွန်တော်တို့မှ မသိတာ။ အရေးကြီးတာက
ကျွန်တော်တို့တိုင်းပြည်မှာ ရဲအဖွဲအစည်းတွေ ထောက် လှမ်းရေးအဖွဲ့အစည်းတွေ
အင်မတန်များတာပဲဗျာ ကွန်ရက်တွေ အင်မတန်ကောင်းတာပဲ၊ သူတို့ဖော် ထုတ်ပြဖို့
လိုပါတယ်။ ပြည်သူလူထုက ဒီပွဲမှာ ဘယ်သူတွေ ဒီလောက်ကောက်ကျစ်ပြီးတော့ ဒီလောက်
အကြံကြီးကြီးလုပ်ခဲ့လဲဆိုတာ ကို
သိပ်သိချင်နေကြတယ်ဗျာ။ နောက်ပြီးတော့ လုံခြုံတဲ့ဘဝအနေနဲ့က ကျွန်တော်တို့
အရပ်သားချင်း ခုခံကာကွယ်ထားရတဲ့ အနေအထားက ကာလတစ်ခုပဲရမှာကိုးဗျ။
>> ဒီအန္တရာယ်က ဘယ်လောက်အထိကြီးမားနိုင်သလဲ ၊ ဦးမင်းကိုနိုင် ဘယ်လိုများအကဲဖြတ်လို့ ရပါသလဲ။
ဒါကတော့ ကျွန်တော်တို့အားလုံးရဲ့ အစွမ်းအစအပေါ်မူတည်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ အဓိကက ဥာဏ်အမြော်အမြင်ပဲဗျ။ ဒီဟာက သူတို့သဘောအတိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ပြည် သူတွေ အဲဒီလမ်းကြောင်းထဲ မဝင်သွားသရွေ့၊ အဲဒီအမှားတွေနောက်ကို မပါသွားသရွေ့၊ သူတို့လိုချင်တဲ့ လမ်းကြောင်းမရောက်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥာဏ်အမြော်အမြင် ဘယ်လောက်ကြီးသလဲ၊ အချင်းချင်း ညီညွတ်မှု ဘယ်လောက်ရှိသလဲ အဲဒီအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ယုံပါတယ်။ ကျွန်တော် တို့ ပြည်သူတွေ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်နိုင်မယ်။ အဲဒါကို လက်ချင်းချိတ်ပြီးတော့ ကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံပါတယ်။ ဒီ သွေးချောင်းစီးတဲ့ ဇာတ်လမ်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ ထပ်အဖြစ်ခံလို့မရဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်နေရာမှာမ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အလောင်းကို မကောက်ရအောင် ကျွန်တော်တို့ ဝိုင်းကာကွယ်ရလိမ့်မယ်။
>> သွေးချောင်းစီးအောင်၊မတည်မြ ငိမ်ဖြစ်အောင် လုပ်နေတဲ့သူတွေကို စုံစမ်းဖော်ထုတ်တဲ့နေရာ မှာေ ပါ့လေ
လက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ကော ဘယ်သူတွေက ရန်သူ၊ ဘယ်သူတွေက
မိတ်ဆွေ ဆိုပြီးတော့ ကွဲကွဲပြားပြား သိမြင်ဖို့က ဘယ်လောက်အထိ
အခက်အခဲရှိနိုင်မလဲခင်ဗျ။
ဒါက ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို
ဘယ်လောက် အဲဒီ အဓိကရုန်းဖန်တီးသူတွေ အပေါ်မှာ ဘယ်လောက်ကိုင်တွယ်နိုင်လဲ၊
ဘယ်လောက်တားဆီးနိုင်လဲ ဆိုတာလည်း အရေးပါတဲ့ အချက်ပဲ။ နောက်တစ်ခုက
ဘာကြောင့်မို့လို့ ဒီလောက် ရှောရှော ရှူရှူ ဝင်လို့ထွက်လို့ရပြီးတော့
ကြက်ပျောက်ငှက်ပျောက် ပြန်ပျောက်သွား၊ ဘယ်လိုပေါ်လာလဲ ဒါတွေအကုန်လုံးဟာ
ဒေသန္တရဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ဘယ်လောက် အလုပ်လုပ်နိုင်လဲဆိုတာအပေါ်
မူတည်တယ်ဗျ။ ဆိုကြပါတော့ ကျွန်တော်တို့ အစွန်းနှစ်ဖက်ကို
ရောက်ရောက်သွားတာကို ကျွန်တော်တစ်ချက်ထောက်ပြချင်တယ်။
အရင်တုန်းကဆိုလို့ရှိရင် အဖြူအစိမ်းဝတ်တဲ့ ကျောင်းသားလေးတွေ
ဒေါင်းအလံကိုင်ပြီးတော့ ချီတက်ရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ သံဃာတွေ
မေတ္တာသုတ်ရွတ်ပြီးတော့ စီတန်းရုံနဲ့ နှိမ်နင်းခဲ့တာတွေ ရှိတယ်။
အစွန်းတစ်ဖက်ပဲဗျ၊ နောက်တစ်ခါကျတော့ အခုလို လက်နက်တွေ ကိုင်ဆောင်ပြီး တော့
ဝင်ရောက်ဖျက်ဆီးနေတာကို မနှိမ်နင်းနိုင်တာ မတားဆီးနိုင်တာလည်း
အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက်တော့ ဘယ်လိုမှရောက်လို့မရဘူး။
ကျွန်တော်တို့က ဒီလိုပြောလိုက်လို့ဟိုဘက် အစွန်းရောက်သွားတယ်၊
ဟိုဘက်ကိုပြောလို့ ဒီဘက်အစွန်းရောက်သွားတယ်ဆို တာတော့ ဘယ်ဖြစ်လို့ရမလဲဗျ။ ဒါသူတို့ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ တည့်တည့်မတ်မတ်ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါအရေးအကြီးဆုံးပါ။
>> လက်ရှိကိုင်တွယ်နှိမ်နင်းမှု တွေမှာပေါ့လေ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်လာအောင် အစိုးရအနေနဲ့ နောက်ထပ်တစ်ဆင့်တိုးပြီးတော့  ဘာတွေများ လုပ်ဆောင်ဖို့လိုနေတာ တွေ့ရ ပါသလဲခင်ဗျ။
အဓိကကတော့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေကိုလည်း မခြိမ်းခြောက်ဖို့အရေးကြီးတာပေါ့။
တကယ်က ဥာဏ်အမြော်အမြင်ရှိရင်ဗျာ… လုံခြုံရေးတပ်တွေကို အခုဝင်လာတဲ့
လမ်းကြောင်းတွေက ထင်ထင် ရှားရှား ပေါ်ပေါ်လာတာမျိုးတွေပါဗျာ၊ အဲဒီတော့
မြို့အဝင်အထွက်တွေမှာ စနစ်တကျ ကြည့်နိုင် ရှု့နိုင်ဖို့ လည်း လိုပါတယ်။
ကျွန်တော်တို့ ပြည်သူလူထုရဲ့ ပူးပေါင်းတဲ့အားကိုလည်း ယူဖို့လိုတယ်။
ပြည်သူလူထုကို အကူအညီတောင်းပြီးတော့ လက်တွဲလို့ရှိရင် ရတယ်ဗျ။ ပြည်သူလူထုက
ကူညီဖို့ အဆင်သင့်ပဲ။
>> ပြည်သူတွေဘက်ကရော ဘာတွေများ သတိပြုဖို့လိုနေပါသလဲ ခင်ဗျ။ ခုအချိန်မှာပေါ့လေ။
ထောင်ချောက်ထဲမဝင်မိဖို့ပါပဲ။
ကျွန်တော်တို့အားလုံး အသက်သွေးချွေးတွေနဲ့ ဘဝတွေနဲ့
ရင်းနှီးတည်ဆောက်ထားတဲ့ အခုရက်သားနုနုနယ်နယ် ဒီမိုကရေစီလမ်းကြောင်းပေါ်
တင်နေတုန်းရှိသေးတယ် ဒါကို ကျွန်တော်တို့ နောက်ကြောင်းအပျက်အစီးခံဖို့  မရဘူးပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေ ဒီလောက်ဆိုရင် သိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ သိပ်ညံ့တဲ့ပြည်သူတွေမဟုတ်ပါ ဘူး။__အာရ်အက်ဖ်အေ
အော်ကျွန်တော်နောက်ဆုံးပေါ့
နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ
တွေရော နိုင်ငံရေးခေါင်းဆောင်တွေရေ
>> ဘယ်လိုထောင်ချောက်မျိုးဖြစ်
ဒီလိုဗျ၊ အုပ်စုတွေက အများကြီးရှိကြတယ်ဗျ။ ဒီတော့ နံပါတ်တစ်က ကျွန်တော်တို့ ပြည်သူတွေကို အခုအစိုး ရအဖွဲ့ကနေ ပြောပြီလေ နောက်ကွယ်ကနေပြီးတော့ စနစ်တကျ ကြိုးကိုင်လှုပ်ရှားနေသူတွေရ
>> ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ဒီကနေ့ နိုင်ငံရေးပါတီ ၃၀ လောက်နဲ့ တွေ့တဲ့ အချိန်မှာ ပြောတာရှိပါတယ်၊ နိုင်ငံရေးပါတီ တစ်ချို့ကလည်း ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ သူပြောသွားတယ်ပေါ့လေ။ ဆိုတော့ ဦးမင်းကိုနိုင်တို့ရော ဒီလိုမျိုး ဆက်စပ်တွေးယူလို့ရပါသလားခင်
ကျွန်တော်တို့က ဒီဟာကို နာမည်နဲ့တစ်ကွ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာမ
>> ကြိုတင်စီမံနိုင်တယ်။ ဥပမာ မီးဖြတ်တာအပါအဝင် စနစ်တကျလုပ်ဆောင်နိုင်တယ်ဆိ
အင်းပေှါ့ဗျာ… ကျွန်တော်တို့ သာမန်ပြည်သူတွေ အနေနဲ့ကတော့ဗျာ ကိုယ့်စီးပွားကိုယ်ရှာပြီးေ
>> ဒီအန္တရာယ်က ဘယ်လောက်အထိကြီးမားနိုင်သလဲ
ဒါကတော့ ကျွန်တော်တို့အားလုံးရဲ့ အစွမ်းအစအပေါ်မူတည်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ အဓိကက ဥာဏ်အမြော်အမြင်ပဲဗျ။ ဒီဟာက သူတို့သဘောအတိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ပြည် သူတွေ အဲဒီလမ်းကြောင်းထဲ မဝင်သွားသရွေ့၊ အဲဒီအမှားတွေနောက်ကို မပါသွားသရွေ့၊ သူတို့လိုချင်တဲ့ လမ်းကြောင်းမရောက်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥာဏ်အမြော်အမြင် ဘယ်လောက်ကြီးသလဲ၊ အချင်းချင်း ညီညွတ်မှု ဘယ်လောက်ရှိသလဲ အဲဒီအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ယုံပါတယ်။ ကျွန်တော် တို့ ပြည်သူတွေ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်နိုင်မယ်။ အဲဒါကို လက်ချင်းချိတ်ပြီးတော့ ကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံပါတယ်။ ဒီ သွေးချောင်းစီးတဲ့ ဇာတ်လမ်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ
>> သွေးချောင်းစီးအောင်၊မတည်မြ
ဒါက ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကိ
>> လက်ရှိကိုင်တွယ်နှိမ်နင်းမှု
အဓိကကတော့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေကိုလည်း မခြိမ်းခြောက်ဖို့အရေးကြီးတ
>> ပြည်သူတွေဘက်ကရော ဘာတွေများ သတိပြုဖို့လိုနေပါသလဲ ခင်ဗျ။ ခုအချိန်မှာပေါ့လေ။
ထောင်ချောက်ထဲမဝင်မိဖို့ပါပ
0 မှတ်ချက်များ for "သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို မရောက်နိုင်သေး တဲ့အခါမှာ ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ၊ ရုန်းရင်း ဆန်ခတ်မှုတွေ၊ သွေးချောင်းစီးမယ့် ကိစ္စတွေကို ထပ်ပြီးတော့ ကြိုးစားနေမှာပဲ။ # မင်းကိုနိုင်"