ရွေးကောက်ပွဲ ကျင်းပရန် ပါကစ္စတန် သတင်းထုတ်ပြန်

ပါကစ္စတန် ရွေးကောက်ပွဲကို လာမည့်မေလ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပါကစ္စတန် ရွေး
ကောက်ပွဲ ကော်မရှင်က မတ် ၂၁ ရက်၌ သတင်း ထုတ်ပြန်သည်။ 

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှု များအတွက် မတ် ၂၅ ရက်မှ ၃ဝ ရက်အတွင်း ပြု လုပ်ကြရန် လည်း ရွေးကောက်ပွဲ ကော်မ ရှင်က
ကြေညာ ထားသည်ဟု ယင်းကော်မရှင်၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

 ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်လိုခြင်း မရှိဘဲ
နုတ်ထွက်လိုပါက ဧပြီ ၁၈ ရက် နောက်ဆုံးထား၍ လာရောက် နုတ်ထွက် ရုပ်သိမ်းနိုင်ကြောင်း၊ နုတ်ထွက် မည့် ကိုယ်စားလှယ်လောင်းများ စာရင်းကို နောက်ရက်၌ သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ 

သက်တမ်း ငါးနှစ်ပြည့်ခဲ့သည့် ပါကစ္စတန် အမျိုးသားလွှတ်တော်ကို ပြီးခဲ့သည့် မတ် ၁၆ ရက်က ဖျက်သိမ်း ခဲ့ပြီး ဖြစ်သည်။ 

အာဏာရပါတီဟောင်းဖြစ်သည့် ပါကစ္စတန်ပြည်သူ့ပါတီနှင့် အဓိက အတိုက်အခံ ပါတီဖြစ်သည့် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် (ပီအမ်အယ်လ်အင်န်) တို့က ကြားဖြတ်ဝန်ကြီးချုပ် ရာထူးအတွက် ပါလီမန်က အဆိုပြု ထားသော အမည်စာရင်းများကို ကန့်ကွက်ထားသည်။ 

ပါကစ္စတန်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပါလီမန်က စိစစ်ရွေးချယ်ထားသည့် ဝန်ကြီးချုပ်
လောင်း အမည်စာရင်းကို သုံးရက်အတွင်း ကန့်ကွက်ခဲ့ပါက ဝန်ကြီးချုပ် ရွေးချယ်မှုကို ရွေးကောက်ပွဲ ကော် မရှင်က ဆက်လက် တာဝန်ယူ ရွေးချယ်ရမည်ဖြစ်သည်။

0 မှတ်ချက်များ for "ရွေးကောက်ပွဲ ကျင်းပရန် ပါကစ္စတန် သတင်းထုတ်ပြန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++