ကမ္ဘာ့အမြင့်ဆုံး မြန်မာပြည်က မြင်းခုံတံတား
ဂုတ်ထိပ်တံတား(Goteik viaduct) အမည်ရ တောင် ကြားဖြတ် မီးရထားသံလမ်း တံတားရဲ့တည်နေရာ ကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့  အနီးမှာ ဖြစ်ပါတယ်။
အတိအကျအားဖြင့် မန္တလေး-လာရှိုးလမ်း၊ နောင်ချို ဘူတာအလွန် ၇ မိုင်အကွာမှာ တည်ရှိပါတယ်။

ပြင်ဦးလွင် နဲ့ လာရှိုး မြို့ နှစ်မြို့ ကြားက တံတားလို့  လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထား ကြပါတယ်။
The World Largest Trestle လို့ အသိအမှတ်ပြုထားတဲ့ တံတားဖြစ်ပြီး Trestle ဆိုတာ စတီး၊ သံမဏိ၊ သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။
မြန်မာအခေါ်ကတော့ မြင်းခုံ တံတားဖြစ်ပါတယ်။

0 မှတ်ချက်များ for "ကမ္ဘာ့အမြင့်ဆုံး မြန်မာပြည်က မြင်းခုံတံတား"