မြန်မာဒုက္ခသည် များအတွက် US $ ၆.၉ သန်း ဂျပန်ကူညီမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mikio Numata က ဂျပန်နိုင်ငံကိုယ်စား မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီသို့ အမေရိကန် ဒေါ်လာ ၆.၉ သန်း လှူဒါန်းသည့် အခမ်း အနားကို မတ်လ ၂၂ ရက်နေ့က နေပြည်တော် တွင် ပြုလုပ်ခဲ့သည်။

တိုင်းရင်းသား လူမျိုးစု ဒေသများရှိ ပြည် တွင်း
ရွှေ့ပြောင်း ဒုက္ခသည်များအား အကူ အညီပေးရေး အစီအစဉ်အရ ဂျပန်က မြန်မာနိုင်ငံရှိ ကုလ သမဂ္ဂ
အေဂျင်စီများသို့ ဒေါ်လာ ၂၁၅ သန်း ထောက်ပံ့ မည်ဖြစ်ရာ ယခု အကူအညီမှာ ယင်းအစီအစဉ်၏ အစိတ်အပိုင်းတခု ဖြစ်သည်။

“ဒီအထောက်အပံ့က သူတို့ရဲ့အမှားကြောင့် မဟုတ်ဘဲ သူတို့နေအိမ်တွေနဲ့ သက်မွေးဝမ်းကျာင်းမှု ဘဝတွေ ဆုံးရှုံးခဲ့ရတဲ့ လူများစွာရဲ့ဘဝကို အကြီးအကျယ် ပြောင်းလဲစေပါလိမ့်မယ်” ဟု UNHCR ၏ မြန်မာနိုင်ငံ ဆိုင်ရာ လက်ထောက် ကိုယ်စားလှယ် Ayaki Ito က ကြေညာချက် တခုတွင် ပြောကြားသွားသည်။

“ဒီလို အတိုင်းအဆမရှိ ရက်ရောတဲ့လှူဒါန်းမှုက ခန့်မှန်းခြေအားဖြင့် လူဦးရေ ၂၂၀,၀၀၀ ရှိတဲ့ ပြောင်းရွှေ့
နေထိုင်ခဲ့ရသူတွေကို အကူအညီ ဖြစ်ပါလိမ့်မယ်။ နေစရာ အဆင်ပြေလာစေဖို့နဲ့ ကျန်းမာရေး အထောက် အပံ့ပေးဖို့ ဖြစ်ပါတယ်” ဟု Ayaki Ito က ပြောကြားသွားသည်။

မြန်မာနိုင်ငံတွင် ဒေသတွင်း ရွှေ့ပြောင်းနေထိုင်ခဲ့သူ အရေအတွက် ခန့်မှန်းခြေ ၄၃၀,၀၀၀ ခန့်ရှိပြီး ပြဿနာ
ပြင်းထန်နေသော ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် ပိုမိုများပြားစွာ ရှိနေသည်။

၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီအဖြစ် ဒေါ်လာ ၂၇၃ သန်းကျော် ဂျပန်က ပေးခဲ့ သည်လည်း ထုတ်ပြန်ချက်က ဆိုသည်။__မဇ္ဈိမ

0 မှတ်ချက်များ for "မြန်မာဒုက္ခသည် များအတွက် US $ ၆.၉ သန်း ဂျပန်ကူညီမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++