ထောင်စုနှစ် ရည်မှန်းချက် အတွက် ဘာလီကျွန်းမှာ ကုလသမဂ္ဂ အစည်းအဝေး ကျင်းပ
ကုလသမဂ္ဂ၏ ၂ဝ၁၅ ခုနှစ် ထောင်စုနှစ် ရည်မှန်းချက်ဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ်များ၏ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ မတ်လ ၂၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘမ်ဘန်း ယူဒို ယိုနိုက အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခဲ့ ပါသည်။
အဆိုပါ အစည်းအဝေးတွင် ယခင် ပြုလုပ်ပြီးစီးခဲ့သည့် အစည်းအဝေး ၃ ကြိမ်မှ ဆုံးဖြတ်ချက် များနှင့် မူဘောင်များကို ထုတ်ဖော် ပြော ကြားလိမ့်မည်ဟု မျှော်လင့် ထားကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့ကြပါသည်။
မိမိတို့အနေဖြင့် ယနေ့အချိန်အခါတွင် ဆင်းရဲ မွဲတေမှုကို အမြစ်ပြတ် ချေမှုန်းနိုင်မည့် ကိုယ်စီ အမြင်များကို ဝေမျှလျက် ရှိပါကြောင်း၊ ထို့ပြင် လူသားများ၏ လူမှုဘဝ သက်သာချောင် ချိရေးကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပါဝင် ရေးဆွဲ အတည်ပြု ထားသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များမှ တစ်ဆင့် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုကို ဖန်တီး သွားရမည် ဖြစ်ကြောင်း သမ္မတ ယူဒိုယိုနိုက အစည်းအဝေးတွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်ဟု ''အန်တာရာ'' သတင်း ဌာနက ဖော်ပြခဲ့ ပါသည်။


0 မှတ်ချက်များ for "ထောင်စုနှစ် ရည်မှန်းချက် အတွက် ဘာလီကျွန်းမှာ ကုလသမဂ္ဂ အစည်းအဝေး ကျင်းပ"