ကမ္ဘာ့ အလှဆုံး လမ်း

Online Voting စနစ်နဲ့ ကမ္ဘာတစ်လွှားက မဲအများဆုံးပေးခဲ့တဲ့ လမ်း ဖြစ် ပါတယ်။ ကမ္ဘာလှည့်ခရီးသည်များလည်း သွား
လျှောက်ပါတယ်။ 

ဘရာဇီးနိုင်ငံ၊ Porto Alegre မြို့ ငယ်လေးမှာ တည်ရှိပြီး ဂျာမန် လူမျိုးတို့ ဆောက်လုပ်ခင်းကျင်းပေးခဲ့တဲ့ လမ်းလို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ဖြစ်ပြီး မီတာ ၅၀၀ ရှည်တဲ့ လမ်းတစ်ခုလုံး တောက်လျှောက်ကို tipuana အမည်ရ သစ်ပင် စိုက်ပျိုးထား ပါတယ်။ 

ရာသီအပြောင်းအလဲတိုင်းမှာ သစ်ပင်ဟာ ခြောက်သွားလိုက်၊ အရွယ်ကြွေလိုက်၊ ရွက်သစ်များ ဝေလိုက်နဲ့ ဘယ်တော့မှမသေပဲ အကောင်းအတိုင်း ရှိနေပါတယ်။ 

သို့ပေမယ့် လမ်းဘေး နဲ့ အခြားနေရာအချို့ မှာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် သုံးဖို့ဆိုပြီး ၂၀၀၅ ခုနှစ်က သစ်ပင်ခုတ်မှုများ ပြုလုပ်ခဲ့ဖူးပါတယ်။ ယင်းနောက်ပိုင်းကစလို့ လမ်းကို ဒေသခံ ပြည်သူတို့ အထိခိုက် မခံတော့ ပါဘူး။ 

Rua Gonçalo de Carvalho လို့အမည်ပေးထားတဲ့ ယင်းလမ်းကို မြို့ ရဲ့  သမိုင်းဝင် ယဉ်ကျေးမှုနေရာ အမှတ်အသား တစ်ခုအဖြစ် အသိအမှတ် ပြုစေခဲ့ကြောင်း သိရပါတယ်။

0 မှတ်ချက်များ for "ကမ္ဘာ့ အလှဆုံး လမ်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++