သျှမ်း-ကယားေ ဆွးနွေးပွဲမှ ယုံကြည်မှု ပိုမိုရရှိလာဟု SNLD ပြော
လားရှိုးမြို့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်
ဆောက်ခြင်း ဆွေးနွေးပွဲမှ တိုင်းရင်းသားများ အချင်း ချင်းကြား၊ တိုင်းရင်းသား နှင့်အစိုးရကြား ပိုမိုခိုင်မြဲ
သော ယုံကြည်မှုရရှိလာကြောင်း ဆွေးနွေး ပွဲဖြစ်
မြောက်ရေး ကော်မတီ ဝင် SNLD ပါတီပြော ခွင့်ရ စိုင်းလိတ်က ပြောပါသည်။
“အားနည်းချက်က ဖိတ်ကြားထားတဲ့အဖွဲ့အစည်း တိုင်းကို တင်ပြဆွေးနွေးမယ့်အစီရင်ခံစာ ကြို တင် ပို့ပေးဖို့ သတင်းပို့ထား ပေမယ့် ပြင်ဆင် လာကြတာမရှိတဲ့အတွက် တင်ပြမှုတွေကို ကော် မတီအနေနဲ့ စီစစ်မှုမလုပ်လိုက်ရဘူး။ နောက်ပြီး မျှော်မှန်း ထားသလောက် ပြည့်ပြည့်စုံစုံနဲ့ ကျေနပ်
လောက်တဲ့ တင်ပြမှုမျိုးတွ မရှိခဲ့ဘူး။ အားသာချက်ကတော့ ကျနော်တို့ သျှမ်းပြည်နဲ့ ကယားပြည်နယ်ကြား၊ တိုင်းရင်းသားများ အချင်းချင်း၊ တိုင်းရင်းသားနဲ့ အစိုးရ နီးစပ်မှု ယုံကြည်မှုတွေပိုရှိလာတယ်” ဟု စိုင်းလိတ် ကပြောပါသည်။
ယခုလ ၂၀ ရက်မှ ၂၂ ရက်အထိ လားရှိုးမြို့၌ကျင်းပသော သျှမ်းပြည်နယ် - ကယားပြည်နယ်ကြားငြိမ်း ချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ မကျင်းပမီကတည်းက ကြိုတင်တင်ပြထားရန် အကြောင်း ကြားထားသော်လည်း ကြိုတင်ပို့ပေးမှုမရှိသဖြင့် စီစစ်မှုမလုပ်လိုက်ရကြောင်း ဆိုပါသည်။
သို့သော် သျှမ်းပြည် တိုင်းရင်းသားများအနေဖြင့် မိမိတို့ ပဒေသရာဇ်ခေတ် ကတည်းကတွေ့ကြုံခံစားခဲ့ ရမှုများအပေါ် သဘောထားနှင့် ယနေ့ခေတ်၌ မိမိတို့ ယုံကြည်ချက်များပြောင်းလဲ လာခဲ့သည်ဟု စိုင်းလိတ် ကပြောသည်။
“ပြည်ထောင်စုကနေခွဲထွက်လိုမှုကြောင့်မဟုတ်ဘူး။ စစ်မှန်သောပြည်ထောင်စုကြီးပေါ်ပေါက်လာဖို့၊ လူမျိုးကြီးကနေ လူမျိုးငယ်လေးတွေအပေါ်၊ အင်အားကြီးကနေ အင်အားငယ်တဲ့အုပ်စုတွေအပေါ် နိုင်လို မင်းထက် စိတ်ထားမျိုး အပေါ် စီးစိတ်ထား မျိုးမရှိတဲ့ ပြည်ထောင်စုစစ်စစ် ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ် နေတာဖြစ်ပါတယ်။ ဒီလိုပြည်ထောင်စု စစ်စစ်ဖြစ်ပေါ်လာဖို့ဆိုတာ တိုင်းပြည်ကြီးအေးချမ်းမှ
ဖြစ်မယ်။ ပြည်တွင်းစစ်မီး မငြိမ်းရင် ငြိမ်းချမ်းရေးဆိုတာအပြောဘဲရှိမယ်။ လူထုရဲ့ ယုံကြည်မှုကို ရရှိမှာ မဟုတ်ပါဘူး” ဟု စိုင်းလိတ်က ပြောသည်။
၃ ရက်ကြာ ကျင်းပသော အဆိုပါဆွေးနွေးပွဲမှ - ‘စစ်မှန်သော ဖက်ဒရယ်ပြည်ထေင်စု စစ်စစ်တည်ဆောက် ဖို့ ၂၀ဝ၈ ဥပဒေ ပြန်လည်ပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်ရေးဖို့ မြန်မာပြည် အလယ်ပိုင်းမှာဖြစ်နေတဲ့ပြ သနာဟာ ငြိမ်းချမ်းရေးလမ်း ကိုပျက်ပြားစေတဲ့အတွက်ကြောင့် Rule of law ကိုထိခိုက်စေတဲ့ အတွက်ကြောင့် ဒီကိစ္စ ဖြစ်အောင် တားဆီးဖို့ (လှုံ့ဆော် တဲ့လူတွေကို ရှုတ်ချဖို့) နောက်တခုက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ် ပေါ်လာရေးအတွက် ဒီဆွေးနွေးပွဲလုပ်သင့် တယ် ထင်လို့ ကြိုးစားလုပ်ဆောင် ရတယ်’ - ဟုလည်း စိုင်းလိတ် ကပြောပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံတိုးမြင့်လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့်ဆွေးနွေးပွဲ ၂ ရပ် (ရန်ကုန် - သျှမ်း သီး သန့်၊ လားရှိုး - သျှမ်း + ကယား) ကို ပြန်လည်ဆန်းစစ်ရဦးမည်ဖြစ်ကြောင်း စိုင်းလိတ်က ဆက်လက် ပြောပြပါ သည်။__သျမ်းသံတောင်ဆင့်

0 မှတ်ချက်များ for "သျှမ်း-ကယားေ ဆွးနွေးပွဲမှ ယုံကြည်မှု ပိုမိုရရှိလာဟု SNLD ပြော"