ထိုင်းအစိုးရက သံတမန် ဆက်သွယ်ရေးအတွက် ဝန်ထမ်းသစ် ၅ဝဝကျော် ခန့်အပ်ရန် စီစဉ်

ထိုင်းဝန်ကြီးချုပ် ရင်လပ်သည် ၂ဝ၁၃ ခုနှစ်အတွင်း
နိုင်ငံပေါင်း ၁ဝ နိုင်ငံနီးပါး ချစ်ကြည်ရေးခရီး သွားမည် ဖြစ်ကြောင်း မတ်လ ၂၇ ရက်နေ့တွင် ဘန်ကောက်ပို့စ် အင်တာနက် စာမျက်နှာ၌
ဖော်ပြခဲ့ပါသည်။

ဝန်ကြီးချုပ် ရင်လပ်သည် ၂ဝ၁၃ ခုနှစ်တွင် မွန်ဂိုလီးယား၊ မာဒါဂတ်စကား၊ တန်ဇန်နီးယား၊ သီရိလင်္ကာ၊ မော်ဒိုက်၊ အမေရိကန်၊ ကနေဒါ၊ တောင်အာဖရိကနှင့် ရုရှားနိုင်ငံများသို့ သွားရောက်ရန် ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Surapong Tovichakchaikul က ပြောကြားခဲ့ပါသည်။ 

ရင်လပ်သည် ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် အချိန်မှ စ၍ နိုင်ငံပေါင်း ၃ဝ နီးပါးအား သွားရောက် လည်ပတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။ 

ထိုင်းအစိုးရ အနေဖြင့် ဗြိတိန်၊ အိန္ဒိယနှင့် ဂျာမနီ နိုင်ငံများ မှ ခေါင်းဆောင်များ ကိုလည်း ထိုင်းနိုင်ငံသို့ အလည်အပတ် လာရောက်ရန် ဖိတ်ကြားထားကြောင်း သိရှိရ ပါသည်။ 

ထိုင်းနိုင်ငံသည် ပါပူဝါနယူးဂီနီ အပါအဝင် နိုင်ငံ ၂၈ နိုင်ငံ၌ ထိုင်းသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း Surapong က ပြော ကြားခဲ့ပါသည်။ 

ထိုင်းအစိုးရသည် ၎င်းတို့၏ သံတမန် ဆက်သွယ်ရေးမစ်ရှင် အသစ်များ အတွက် ဝန်ထမ်း ၅ဝဝ နီးပါး ခန့်အပ်သွား မည် ဖြစ်ကြောင်း သိရှိရ ပါသည်။

0 မှတ်ချက်များ for "ထိုင်းအစိုးရက သံတမန် ဆက်သွယ်ရေးအတွက် ဝန်ထမ်းသစ် ၅ဝဝကျော် ခန့်အပ်ရန် စီစဉ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++