မူဆယ်ခရိုင်တွင် မိုးကြိုးပစ်ရာ၍ အိမ် ၄ လုံးခန့် မီးလောင်မှု ဖြစ်ပွား
၂၆-၃-၂၀၁၃ရက်နေ့ ၁၃၀၀ အချိန် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင၊် ကွတ်ခိုင်မြို့
နယ်၊ ဟိုမောမန်နိမ့်ကျေး ရွာအုပ်စု စာရေး ဦးညီလော့မှ ၀၁၀၀ အချိန်ခန့် တွင် မိုးရွာသွန်းမှုကြောင့် မိုးကြိုးပစ်ရာက အိမ်ခြေ ၄ လုံးမီးလောင်ဆုံးရှုံးသွား
ခဲ့ကြောင်း သိရသည်။
ရွာသူရွာသူားက သတင်းပေးပို့ခဲ့ သဖြင့် နမ့်ဖက် ကာ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စာရေး ဦးညီလော့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အတူ သွားရောက် စစ်ဆေးခဲ့ကြောင်းလည်း ပြောသည်။
စစ်ဆေးချက်အရ ၀၁၀၀ အချိန် လေပြင်းများ တိုက် ခတ်ပြီး မိုးများရွာသွန်းခဲ့
ရာ ဦးအိုက်လိန် (ခ) ဦးလှ
အေး၏ ထရံကာ၊ သွပ်မိုး၊ ၁၀ ပေ ၂ ခန်းတွဲနေ အိမ်အား မိုးကြိုး ၂ ချက်ပစ်ခတ်ခဲ့သဖြင့် ၄င်းအိမ်မှ စတင်မီးလောင်ကျွမ်းပြီး အနီးပတ်ဝန်းကျင်ရှိ ဦးအိုက်ဒဲ့ (၂၅)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ၁၀ ပေ ၁ ခန်း၊ ဦးဆမ်ပေ(၃၀)နှစ်၏ သွပ်မိုးထရံကာ ၁၀ ပေ၊ ၂ ခန်းတွဲနှင့် ဦးငိုတိမ်း (၄၀)နှစ်၏ သွပ်မိုး ထရံကာ ၁၀ ပေ ၁ ခန်းတို့၏ နေအိမ် ၃ လုံးအားမီးကူးဆက် လောင်ကျွမ်းခဲ့ပြီး နအိမ် ၄ လုံး စုစုပေါင်းတန်ဘိုးးငွေကျပ်(၁၅၀၀၀၀ိ/-) ဆုံးရှုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။

လူ/တိရစ္ဆာန် သေဆုံးမှုမရှိဘဲ ဦးအိုက်လိန် (ခ)ဦးလှအေးတွင် မီးငြှိမ်းသတ်စဉ် ဦးခေါင်းမီးဟတ်ဒဏ်ရာ အနည်းငယ်
ရရှိခဲ့သဖြင့် နမ့်ဖက်ကာ တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိ
ကြောင်း သတင်းရရှိ သည်။__ရဲဇာနည်

0 မှတ်ချက်များ for "မူဆယ်ခရိုင်တွင် မိုးကြိုးပစ်ရာ၍ အိမ် ၄ လုံးခန့် မီးလောင်မှု ဖြစ်ပွား"