ဆီးအိမ်ထဲ ထူးဆန်းစွာ ၀င်ရောက်သွားသည့် ငါးရှဥ့်
တရုတ်ပြည်ရဲ့ Beauty spa တစ်ခုမှနေပြီး သွား
ရောက်ကာ (ဘယ်လို spa လုပ်တယ်တော့မသိ ) spa လုပ်တဲ့အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့လိင်အဂါင်္ မှတဆင့် ငါးရှဉ့်တစ်ကောင်က ၀င်ရောက်ပြီး ဆီး အိမ်ထဲ ရောက်ခဲ့တဲ့အတွက် ခွဲစိတ်ဖယ်ရှားပေးခဲ့ ရတယ်လို့ဆိုပါတယ်။
အော်အော် အဖြစ်က ဒီလိုပါတဲ့။ Zhang Nan ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ အသက်ရှင်နေတဲ့ ငါးရှဉ့်တွေနဲ့အတူ သူ့ရဲ့အရေပြားကို ကျားသဏ္ဍာန် ပိုပီသလာစေဖို့အတွက် ပိုမိုချော မွတ်တောက်
ပြောင်လာစေဖို့အတွက် အတူတူ ရေချိုးခဲ့ပါသတဲ့။

တကယ်တော့ ဒီလို ငါးရှဉ့်တွေနဲ့ treatment လုပ်ခြင်း ဟာ လန်ဒန်က spa တွေမှာလည်း ခေတ်စားလှပြီး ငါးတွေနဲ့ ကုသမှု ခံယူသလို သဘောတရားချင်းဆင် တူပါတယ်။
သူတို့ယုံကြည်ကြတာက ငါးရှဉ့်တွေက သူတို့ကို ဆယ်နှစ်လောက်ပိုငယ်သွားစေတယ်ဆိုတဲ့ အတွေးပါပဲ ။ ပြီးတော့ ခန္ဓာကိုယ်က သေဆုံးနေတဲ့ တစ်ရှူးတွေကိုလည်း ဖယ်ရှားပေးပါသတဲ့။ ဒါပေမယ့် ရေချိုးကန်ထဲ မှာ Nan ဟာ လဲလျောင်းပြီးတဲ့အခါမှာတော့ သူဟာ စူးရှပြင်းထန်တဲ့ ဝေဒနာကို သူ့ရဲ့ လိင်အဂါင်္မှ တဆင့်ခံစား လိုက်ရပါတယ်။ ဒါကြောင့် သူနားလည်လိုက်တာက သေးငယ်တဲ့ ငါးရှဉ့်တစ်ကောင်ဟာ လိင်အဂါင်္မှ တဆင့် ဆီးလမ်းကြောင်း ထိုမှတဆင့် ဆီးအိမ်ထဲ ၀င်ရောက်သွားခဲ့ပြီဆိုတာပါပဲ။
“ ကျွန်တော် ရေချိုးကန်ထဲ ကနေလေးဖက်ထောက်ထွက်လာခဲ့ပြီးနောက် ဒီငါးရှဉ့်က ကျနော့်ခန္ဓာကိုယ် ကို ခြေမွ ဆုတ်ဖြဲ ထိုးဆွနေသလိုပါပဲ ပြီးတော့ ကျနော်နားလည်လိုက်တာက ဒီလို ရုတ်တရက်ကြီး နာလာရတာဟာ ငါးရှဉ့်သေးသေးတစ်ကောင်ကျနော့်ရဲ့ လိင်အဂါင်္ကနေတဆင့် ဆီးအိမ်ထဲ ၀င်သွားပြီ ဆိုတာပါပဲ ” လို့ Honghu , Hubei စီရင်စုမှ ၅၆ နှစ်အရွယ် ရှိသူ Nan က ပြောဆိုခဲ့ပါတယ်။
“ ဒီဟာကို ကိုင်ပြီး အပြင်ထွက်အောင်ကျွန်တော်ကြိုးစားသေးတယ်ဗျ ဒါပေမယ့်ကျနော့် လိင်တံ အတွင်းမှာပဲ ဒီကောင်က ပျောက်သွားခဲ့တယ် ” အိုကေ ဒီလောက်ဆို သူ့ခံစားချက်တွေက ဘယ်လောက်ကြောက်မက် ဖွယ်ကောင်းကြောင်းသိကြရောပေါ့။
သူ့ကို ချက်ချင်းပဲ ဆေးရုံကိုပို့ပြီး ၃ နာရီ ကြာခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။ ငါးရှဉ့်က ခြောက်လက်မ ရှည်လျှားပြီး ဆရာဝန်တွေ ရှာတွေ့ခဲ့တဲ့အချိန်မှာတော့ သေဆုံးနေခဲ့ပါပြီ။
ခွဲစိတ်ဆရာဝန် Jin Wang ပြောဆိုခဲ့တာကတော့ “ ငါးရှဉ့်ရဲ့ချောမွတ်နေတဲ့ သဘာဝကြောင့်သာ အခုလို nan ရဲ့ လိင်အဂါင်္ကနေ အလွယ်တကူဝင်သွားခဲ့နိုင်တာပါ ” လို့ဖြစ်ပါတယ်။
“ အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်း diameter ဟာ တကယ်တော့ အတော်လေး ကျဉ်းပါတယ် ဒါပေမယ့် ငါးရှဉ့်က အရမ်းကိုချောမွတ်လွန်းနေပြီး ခန္ဓာကိုယ်မှာလည်း ချောဆီအသွင် လုပ်ဆောင်ပေးတဲ့အတွက် အခုလို Penis ထဲ အလွယ်တကူ ၀င်ခဲ့တာပါ ” လို့ သူက ဆက်ပြောခဲ့ပါတယ်။
ကဲ ယုံချင်ယုံ မယုံချင်နေ Nan လိုမျိုး အလားတူ ဖြစ်ရပ်မျိုးဟာ အသက် ၁၄ နှစ်အရွယ် အိန္ဒိယမှ လူငယ်
လေးတစ်ဦးမှာလည်းဖြစ်ပွားခဲ့တဲ့အတွက်အရေးပါ် ခွဲစိတ်ကုသပေးခဲ့ရပါသေးတယ်။ ဒီကောင်လေးပြော တာကတော့ သူဟာ ငါးကို ကိုင်ပြီး အိမ်သာထဲသွားခဲ့တယ် ပြီးတော့ ဆီးသွားနေစဉ်မှာ ငါးကလွတ်ထွက်ပြီး သူ့ ဆီးလမ်းကြောင်း ထဲ ၀င်သွားခဲ့ပါသတဲ့။
မူရင်းလင့် : http://atrl.net/forums/showthread.php?t=145814

0 မှတ်ချက်များ for "ဆီးအိမ်ထဲ ထူးဆန်းစွာ ၀င်ရောက်သွားသည့် ငါးရှဥ့် "