တစ်ခါအားသွင်း တစ်လကြာ အသုံးပြု နိုင်မည့် ဟန်းဆက်ကို NOKIA ထုတ်လုပ်မည်
ဘက်ထရီအား တစ်ခါ အားသွင်းရုံဖြင့် အချိန်တစ်လ ကြာအထိ အသုံးပြု နိုင်မည့် ဒေါ်လာ၂၀ ၀န်းကျင် ရှိ ဈေးနှုန်း သတ်မှတ် ထားသည့် တန်းဖိုးနည်း ဟန်းဆက် တစ်မျိုးကို Nokia ကုမ္ပဏီမှ ထုတ်လုပ် မိတ် ဆက် လိုက်ကြောင်း သိရသည်။
အဆိုပါ ဟန်းဆက်အား Nokia 105 ဟု အမည်ပေး ထားပြီး FM Radio စနစ်နှင့် လက်နှိပ်ဓာတ်မီး စနစ် တို့ ကို တစ်ပါတည်း ထည့်သွင်းပေးထားသည်။

Standby ထားရှိပါ က ၃၅ ရက်ကြာ ထားရှိနိုင်မည်ဖြစ်ပြီး တရစပ် စကားပြော လျှင် ၁၃ နာရီ ကြာပြောနိုင်
အောင် ဘက်ထရီ အနေဖြင့် ခရီးဝေးသွားသည့် ကာလ၌ ဘက်ထရီ အားသွင်းရန် ခက်ခဲသည့် အခြေ အနေ များတွင် အကောင်း မွန်ဆုံး အသုံးချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် နည်းပါးခြင်း ကမည်သူမဆို အလွယ်တကူ ဝယ်ယူနိုင်မည့် အချက်ဖြစ်ကြောင်း ပြောကြားထားသည်။
လာမည့် ရက်သတ္တပတ်အတွင်း ၎င်းဖုန်းများအား ဈေးကွက် အတွင်း ရောင်းချရန် စီစဉ်သွားမည်ဖြစ်ပြီး နိုင် ငံတကာ ဈေးကွက် အထိ ထိုးဖောက်ရန် ရည်ရွယ်ထား နေကြောင်းသိရသည်။__ရိုးရာလေး

0 မှတ်ချက်များ for "တစ်ခါအားသွင်း တစ်လကြာ အသုံးပြု နိုင်မည့် ဟန်းဆက်ကို NOKIA ထုတ်လုပ်မည်"