ဂျူဗင်တပ်အသင်း၏ ခြေစွမ်းအပေါ် စိုးရိမ်ရသည် # ကရုစ်
ဘိုင်ယန်မြူနစ် အသင်း၏ ကွင်းလယ် ကစားသမား ကရုစ်သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်၌ ဂျူဗင်တပ် အသင်းနှင့် တွေ့ဆုံခဲ့ခြင်းအတွက် မပျော်မ ရွှင် ဖြစ်နေပြီး ယင်းကဲ့သို့ တွေ့ဆုံခြင်းမှာ ဘိုင်ယန်အ တွက် ကံဆိုးမှု တစ်ခုဖြစ်သည်ဟု ယူဆနေကြောင်း သိရသည်။
ဂျူဗင်တပ်နှင့် ကစားရမည့် နှစ်ကျော့စလုံး တွင် အကောင်းဆုံးသော စွမ်းဆောင်ရည်ရှိမှသာ ဘိုင်ယန်မြူနစ် အသင်း ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်မည်ဟု ကရုစ်မှသုံးသပ်ခဲ့သည်။
“ဂျူဗင်တပ် အသင်းက လက်ရှိချန်ပီယံကို အုပ်စုအဆင့် ကနေ ဖြုတ်ချခဲ့တဲ့ အသင်းပါ။ ဒီမဲခွဲမှုက ဘာစီလို နာနဲ့တွေ့ဆုံမှု ပြီးရင်အဆိုးဝါးဆုံး တွေ့ဆုံမှုပါပဲ။
နောက်တစ်ဆင့် တက်ရောက်ဖို့ဆိုရင် ကျွန်တော်တို့ နှစ်ပွဲစလုံးမှာ အကောင်းဆုံး စွမ်းဆောင်ရည်ရှိဖို့ လိုပါတယ်”ဟု ကရုစ်မှ ပြောကြားခဲ့သည်။


0 မှတ်ချက်များ for "ဂျူဗင်တပ်အသင်း၏ ခြေစွမ်းအပေါ် စိုးရိမ်ရသည် # ကရုစ် "