ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်-ဂျူဗီ ဆုံပြီ
ယနေ့ကျင်းပပြုလုပ်သော ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် မဲခွဲမှုတွင် ဘိုင်ယန်နှင့် ဂျုဗင်တပ်တို့ ထိပ် တိုက်တွေ့ဆုံနေပြီး ရီးရဲလ်၊ ဘာကာတို့ ပွဲချောင်ခဲ့ သည်။
ရီးရဲလ်မှာ တူရကီကလပ် ဂါလာ တာစာရေးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘာကာမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီနှင့်တွေ့ဆုံခဲ့ကာ ကျန်ပွဲစဉ်တစ်ခုတွင် မာလာဂါနှင့် ဒေါ့မွန်တို့တွေ့ဆုံခဲ့ခြင်းကြောင့် မျှတသောအတွဲအဖက် ဖြစ်ခဲ့သည်။
သို့သော် အက်ဖ်အေနှစ်၁၅၀ပြည့် အထိမ်းအမှတ်အဖြစ် ၀င်ဘလေတွင် ကျင်းပခွင့်ရခဲ့သော ချန်ပီယံလိဂ် ဖိုင်နယ်တွင် အင်္ဂလန်အသင်းများ ပါဝင်မည်မဟုတ်သောကြောင့် အက်ဖ်အေအတွက် စိတ်ပျက်ဖွယ် ဖြစ်ခဲ့ ရသည်။
သို့သော် အက်ဖ်အေနှစ်၁၅၀ပြည့် အထိမ်းအမှတ်အဖြစ် ၀င်ဘလေတွင် ကျင်းပခွင့်ရခဲ့သော ချန်ပီယံလိဂ် ဖိုင်နယ်တွင် အင်္ဂလန်အသင်းများ ပါဝင်မည်မဟုတ်သောကြောင့် အက်ဖ်အေအတွက် စိတ်ပျက်ဖွယ် ဖြစ်ခဲ့ ရသည်။
ထို့အပြင် ၁၇နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ကလပ်များ ကွာတားအဆင့် မတက်ရောက်နိုင် ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်လာခဲ့သည်ဟု အာစင်ဝင်းဂါးကလည်း ၀န်ခံထားခဲ့သည်။

0 မှတ်ချက်များ for "ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်-ဂျူဗီ ဆုံပြီ "