အစိုးရကို အင်တာနက် ထိန်းချုပ်ခွင့် မပြုကြဖို့ Google ကုမ္မဏီ တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အသိအမှတ်ပြုနေတဲ့ တချိန်တည်းမှာဘဲ အင်တာနက် နည်းပညာ ထွန်းကားတဲ့ ဒီခေတ်မှာ နောက်ကြောင်း
ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူးလို့ မန်မာနိုင်ငံမှာ
ရာက်ရှိတဲ့ Google ကုမ္မဏီ အကြီးအကဲ Eric Schmidt က ပြောလိုက်ပါတယ်။ 

တိုင်းပြည်ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦးတွေကို
ပြုပြင်ဖို့ လိုအပ်တဲ့အကြောင်း သောကြာနေ့က ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းမှာ ပုလုပ်တဲ့ လူငယ်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲတွင် Google ကုမ္မဏီ အကြီးအကဲက ပြောသွားတာဖြစ်ပါတယ်

နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အင်တာနက်ကတဆင့် လူထုရဲ့ထင်မြင်ချက်တွေကို ချက်ချင်းသိနိုင်ကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်းတွေကို ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပြုရေး၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အားပေးရေး တိုက်တွန်းလိုက်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးနယ်ပယ်အသီးသီးအတွက် အကျိုးရှိရှိ အသုံးချနိုင်အောင် Google ကုမ္မဏီက ဒီနှစ်အတွင်း မြန်မာပြည်မှာ လုပ်ငန်းတွေ စတင်ဖို့ရှိတယ်လို့ မိုဘိုင်း လက်ကိုင်ဖုန်း တခုထဲနဲ့ တင် မတရားမှုတွေကို မှတ်တမ်းတင်ထားနိုင်တယ်လို့လည်း Eric Schmidt က ပြောပါတယ်။ 

ဒါ့အပြင် အင်တာနက်ကို အစိုးရက ထိန်းချုပ်ခွင့်မပြုကြဖို့လည်း အခမ်းအနားကို တက်ရောက်လာသူတွေကို Eric Schmidt က သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့  စစ်အာဏာရှင်တွေရဲ့အုပ်ချုပ်မှု
အောက်မှာ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရတာကြောင့် မြန်မာနိုင်ငံက အင်တာနက်ဆက်သွယ်မှုတွေဟာ အများကြီး ခေတ်နောက်ကျ ကျန်ခဲ့တာ ဖြစ်ပါတယ်။

Google ကုမ္မဏီအကြီးအကဲ Eric Schmidt ဟာ လစ်ဗျား၊ အာဖဂန် နစ္စတန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကို သွားရောက်လည်ပတ်အပြီးမှာ မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး သောကြာနေ့ နေ့လည်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

0 မှတ်ချက်များ for "အစိုးရကို အင်တာနက် ထိန်းချုပ်ခွင့် မပြုကြဖို့ Google ကုမ္မဏီ တိုက်တွန်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++