မြွေပွေးအဆိပ်ကို ခွေးလှေးယားသီး အစေ့က ခြေဖျက်နိုင်
မြွေပွေးအဆိပ်ကို ခွေးလှေးယားသီး အစေ့က ခြေ ဖျက်နိုင် သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။
အဆိုပါသုတေသနပြုလေ့လာမှုကို ဆေး သုတေသ နဦးစီးဌာန (အောက်မြန်မာပြည်) မှ သုတေသီများ က ပြုလုပ် ကြခြင်းဖြစ်ပြီး ဖော် ထုတ်မှတ်တမ်း တင်နိုင်ခဲ့ခြင်းဖြစ်သည်။
ရှေးဦးစွာ ခွေးလှေးယားသီး၏ အနှစ်ရည်အချိုး အဆအမျိုးမျိုးကို မြွေပွေးအဆိပ်နှင့်ပေါင်းစပ်ပြီး ဓါတ်ခွဲခန်း တွင် မွေးမြူထားသည့် ကြွက်ဖြူများ၏အကြော အတွင်းသို့ ထိုးသွင်းစမ်းသပ်ခဲ့ကြောင်း၊ အနှစ်ရည် ၀ ဒသမ ၂၁ မီလီဂရမ်သည် မြွေပွေး အဆိပ်၏သေ
စေနိုင်သော သတ္တိအား ချေဖျက်နိုင်စွမ်းရှိသည်ကို တွေ့ရှိ ရကြောင်း၊ ထိုမှတစ်ဖန် ခွေးလှေး ယားသီး အနှစ်ရည်ကို တစ်ပတ်လျင်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်ထိုး ထားသော ယုန်များ၏သွေးရည်ကြည် ၁၀၀ မိုက် ခရိုလီတာသည်လည်း မြွေပွေး အဆိပ်၏ သေစေနိုင်သော သတ္တိကို ခြေဖျက်နိုင်စွမ်းရှိကြောင်း ဓါတ်ခွဲခန်း
သုံး ကြွက်ဖြူများတွင် စမ်းသပ်ချက်အရ တွေ့ရှိ ရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ဂျီးယီးယားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဒေသတစ်ချို့တွင် မွေကိုက်လူနာများကို ခွေးလှေးယားသီးသုံးစွဲ၍
ဆေးမြီးတိုအဖြစ် ကုသသုံးစွဲခြင်းများကို ပြည်တွင်းသုတေသီများက ခွေးလှေးယားသီးမှ စနစ်တကျလေ့ လာသုတေသနပြုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါလေ့လာတွေ့ရှိချက်များအရ ခွေးလှေးယားသီးအစေ့အနှစ်ရည်နှင့် ၄င်းအနှစ်ရည်ထိုးသွင်းထားသော ယုန်၏သွေးရည်ကြည်တို့သည် မြွေပွေး၏သေစေနိုင်သော အဆိပ်သတ္တိအပေါ် ခြေဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုကာ အခိုင်အမာ သက်သေပြဆိုနိုင်ခဲ့ကြကြောင်း သိရသည်။
0 မှတ်ချက်များ for "မြွေပွေးအဆိပ်ကို ခွေးလှေးယားသီး အစေ့က ခြေဖျက်နိုင်"