ဂျပန်နှင့် ဂူအမ်ကျွန်းရှိ အမေရိကန် စစ်စခန်းများကို တိုက်ခိုက်မည်ဟု မြောက် ကိုရီးယား ပြော

ဂျပန်နှင့် ဂူအမ်ကျွန်းတို့ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများကို စစ်ရေးအရ တိုက်ခိုက်မည်ဟု မြောက် ကိုရီးယား နိုင်ငံက မတ် ၂၁ ရက်တွင် ခြိမ်းခြောက်လိုက်ရာ ဒေသဆိုင်ရာ တင်းမာမှုများ ဖြစ်ပေါ် လာရကြောင်း၊ တောင်ကိုရီးယားနိုင်ငံရှိ ရုပ်မြင်သံကြားဌာနများနှင့် ဘဏ်တိုက်များ၏ ကွန်ပျူတာစနစ်များ ကို မြောက်ကိုရီးယားက တိုက်ခိုက် ခဲ့သည်ဟု သင်္ကာမကင်းဖြစ်မှုများ ဖြစ်ပေါ်နေချိန် တွင် မြောက်ကိုရီး ယားနိုင်ငံ၏ ခြိမ်းခြောက်မှု ပေါ်ပေါက် လာခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်း ထုတ်ပြန်သည်။ 

ကိုရီးယားကျွန်းဆွယ်၌ နှစ်ပေါင်းအတန်ကြာ ကာလအတွင်း တင်းမာမှုများ အမြင့်မားဆုံး အဆင့်သို့ ရောက် ရှိနေကြောင်း၊ တောင်ကိုရီးယားနှင့် ပူးတွဲပြုလုပ်သော စစ်ရေးလေ့ကျင့်မှု အတွင်း အမေရိကန် ဘီ-၅၂ ဗုံးကြဲလေယာဉ်များနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပါဝင် အင်အားပြသမှုကို မြောက်ကို ရီးယားနိုင်ငံက ဒေါသဖြစ်ခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ 

ဘီ-၅၂ လေယာဉ်များ စခန်းချရာ ဂူအမ်ကျွန်းပေါ်ရှိ အင်ဒါဆန် စစ်စခန်းသည် လည်းကောင်း၊ ဂျပန်ကုန်းမ ကြီးနှင့် အိုကီနာဝါကျွန်းတို့ပေါ်ရှိ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ စခန်းချရာ စစ်စခန်း များ သည် လည်းကောင်း မိမိတို့၏ စစ်ရေးပစ်မှတ်များ ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယား ကြည်းတပ် ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ 

0 မှတ်ချက်များ for "ဂျပန်နှင့် ဂူအမ်ကျွန်းရှိ အမေရိကန် စစ်စခန်းများကို တိုက်ခိုက်မည်ဟု မြောက် ကိုရီးယား ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++